Unicodeအဖိုး Kim အနားမှာ အဖိုးကို စောင့်ရှောက်လိုက် မီးဖိုခန်းကို ပြေးကူလိုက်နဲ့ Hoseok မအားရ...
တခါတလေ သားကို ကျောပိုးထားရသေး..
ဒီကြားထဲ မသိစိတ်က သူဌေးလေး Kim Namjoon
ကိုတွေးမိသည်။ တစ်မိုးအောက်မှာ အတူတူရှိပြီး တိတ်တိတ်လေး ကြိတ်လွမ်းရသလိုမျိုး..." ဖိုးဖိုး ကျွန်မ သူဌေးကတော် သွားကြိုလိုက်ဦးမယ်.."
" သွား မမ... ငါ ဂွီယောင်း နဲ့ နေခဲ့မယ်..."
Mis.Cha အပြင်ထွက်သွားပြီး အဖိုး နဲ့ Hoseok
ကျားထိုး ကစားကြသည်။ အပြင်က အသံအချို့ကြောင့်
သူ နားစွင့်လိုက်ပေမဲ့ အဖိုး နဲ့ သားလေးကို ဂရုစိုက်ရ၍
အာရုံမရ... အတော်လေးကြာမှ သူဌေးကတော်ရဲ့ ဒေါသသံအပြင် သူဌေးလေးတို့ သားအဖရဲ့ အသံ ကိုကြားရသည်။" Hoseok သူဌေးကတော် ခေါ် နေတယ်... ဟိုလေး
ကိုထားခဲ့လိုက်..."အိမ်ရှေ့ဧည့်ခန်းမှာ သူဌေးတို့ ၃ ယောက်...
" ငါ မဟုတ်ဘူး... ဒုံဆူအကုန်သိတယ်..."
Hoseok သူဌေးတို့နားသွားပြီးရပ်လိုက်တော့
သူဌေးလေးကသူ့ကို စိုက်ကြည့်လာသည်။" ကလေးက မင်းကိုယ်တိုင်မွေးထားတာလား...
ဥက္ကဋ္ဌ Kim က ကလေးအဖေလား..."ခေါင်းညိမ့်ခေါင်းခါ လုပ်နေမိချိန် သူဌေးလေးက အနားကိုရောက်လာပြီး စိတ်မရှည်စွာ လက်နှစ်ဖက်ဖြင့် ကော်လံစတွေ ဆွဲစုကိုင် မ သည်...။ Hoseok မျက်ဝန်းမှ မျက်ရည်စအချို့ကြောင့် မျက်ဝန်းတွေကို သူဌေးလေး အကြည့်မှလွှဲဖယ်လိုက်သည်...။
" ဥက္ကဋ္ဌ Kim က ကလေးအဖေ မဟုတ်ဘူး..."
" ငါ့ ကလေး... ဟုတ်တယ်မဟုတ်လား..."
ပြန်မဖြေမိ... သူဌေးလေးက ကော်လံတွေကို လွှတ်ပေးလိုက်တော့ ကြမ်းပြင်ပေါ် ဒူးထောက်ရက်ပြိုကျသွားသည်...
" မင်း က ဘယ်လို... အဖေ အစားအနစ်နာခံစရာ
မလိုဘူး Joonie..."သူဌေးက ခေါင်းတစ်ခါခါ ဖြင့် သူ့စာကြည့်ခန်းထဲ
ဝင်သွားသည်။" သူ Bar မှာ အလုပ်လုပ်နေရင်း ကျွန်တော်တို့
တွဲဖြစ်တာ... ကလေးက ကျွန်တော့်ကလေး...."