Part - 27

516 52 64
                                    


Unicode

" Hyung... Jinnie Hyung... "

" ဝင်လာလေ Joonie..."

Namjoon တံခါးဖွင့်ပြီးအခန်းထဲ ဝင်လိုက်သည်။

" ပစ္စည်းတွေ နေရာချတုန်းလား Hyung..."

" အွန်း... ငါတို့ အိပ်ပျော်သွားလို့... ခုမှ အဝတ်အစား
တွေ ဗီဒိုထဲထည့်နေတာ..."

" ထမင်းစားတော့မယ်တဲ့... အောက်ဆင်းရအောင်
အဲ့ကိစ္စ Mis.Cha ကိုပဲပြောလိုက်တော့... သူစီစဉ်
ပေးလိမ့်မယ်..."

" အင်း...အဲ့လိုပဲ လုပ်ကြတာပေါ့..."

Jin Hyung နဲ့ Taehyung အဝတ်အစားအိတ်တွေ
ကို ဗီဒိုတွေနား နေရာချကာ Namjoon နောက်လိုက်လာသည်။

" ဒါနဲ့ Hyung ကိုပြောရဦးမယ်... အမေက Jung
Hoseok နဲ့ ကျွန်တော့်ကို လုံးဝ သဘောမတူဘူး.."

" ငါတို့ကိုရော သဘောတူလို့လား..."

" အခုက အဖေ့ကိုပါစိတ်ဆိုးနေတာ... ပြီးတော့
Hoseok က ဒီအိမ်မှာ အလုပ်သမားလိုနေရတာ..
ထမင်းဝိုင်းထဲဝင်လို့မရဘူး... ဖိုးဖိုးက Hoseok နဲ့
ထမင်းအတူစားတာများတယ်... ဒီနေ့တော့
Taehyung နဲ့အတူစားမယ်တဲ့... စိတ်မရှိပါနဲ့
Hyung... ကျွန်တော့်ကြောင့် ထမင်းစားပွဲက အရင်
လို မစည်ကားတော့ဘူး..."

" ဒေါ်လေးက ငါ့တုန်းကတောင်ဦးလေးတူမို့... သူ့တူ
သာဆို ငါလဲ မင်းလိုဖြတ်ကျော်ရမှာ... လာပါ ငါ
အခြေအနေကြည့်ပြီး နေတတ်ပါတယ်..."

Jin Hyung က Namjoon ကိုခေါ်ပြီးအောက်ထပ်သို့ ဆင်းသွားသည်။ အဖိုး အခန်းထဲဝင်လိုက် တော့ဘယ်သူမှမရှိ။

" ထမင်းစားခန်းထဲ ရောက်နေပြီလားမသိ... မြန်မြန်
သွားရအောင်... "

သူတို့ရောက်တော့ အဖေ အမေ အဖိုးနဲ့ Mis.Cha
လူစုံရှိပေမဲ့ Jung Hoseok မရှိ...။

" Jinnie လာ...သား ထိုင်..Taehyung ရော လာ "

အဖေ့ ဘေးမှာ Jin Hyung တို့သွားထိုင်တာမို့ Namjoon အမေ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

" အမေ... တစ်ယောက်ယောက် Jin Hyung တို့
အဝတ်အစားတွေ ဗီဒိုထဲ ထည့်ပေးခိုင်းပါဦး..."

" အဒေါ်ကြီး... ထမင်းစားပြီးတဲ့သူတစ်ယောက်
ယောက် Jinnie တို့အခန်းသွားခိုင်းလိုက်...
သပ်သပ်ရပ်ရပ်လေးလုပ်ပေးလို့..."

Have been fall in love ( Completed )Where stories live. Discover now