Unicode" Hoseok.... Hoseok..."
" လာပြီ ဦးလေးငယ်..."
Hoseok ခေါက်ပြီးအဝတ်တွေ အိတ်တွေထဲ ထည့် နေရာမှ တံခါးထဖွင့်လိုက်သည်..
" နှင်းကျပြီး မှောင်နေတာကို..."
" ငါ့ကို အစ်မက ပဲခေါက်ဆွဲပို့ခိုင်းလို့...ပူတုန်းလေး
စားလိုက်... ဟေ့ကောင် တစ်ယောက်တည်း
အဆင်ပြေရဲ့လား.."အန်တီမြောင်အွန်း စိတ်ပူတာနည်းနည်း... သူက ပိုပူသလို...
" ပြေတယ် ဦးလေးငယ် ... ဘေးဆိုင်ကလဲ အမြဲလူရှိ
တယ်လေ... "ပဲခေါက်ဆွဲဘူးလေး စားပွဲပေါ်တင်ကာ တူတစ်စုံလှမ်းယူရင်း သူ ဖြေလိုက်သည်။
" ကျွန်တော် ဗိုက်ဆာနေတာ...အထည်တွေပို့ဖို့ရှိလို့.."
" ဒီလောက် နှင်းတွေအများကြီးကျနေတာ မင်းက
အပြင်ထွက်ဦးမယ်.... ငါအပြန်ဝင်ပို့ပေးမယ်...
လိပ်စာတွေပဲရေးပေး..."အထုပ်တွေ ဆွဲယူနေတာမို့ မပို့မဖြစ်တဲ့ အထုပ်တွေမှာ
လိပ်စာတွေ ထ ရေးပေးရသည်။ သိသိသာသာ စူထွက်နေတဲ့ဗိုက်ကို ဦးလေးငယ်က လှမ်းကြည့်သည်။" မင်း အင်္ကျီ ပွပွ တွေရှိရဲ့လား...."
" ဟုတ် ရှိတယ်... ဦးလေးငယ်...Yikyung Hyung
ဝယ်ပေးထားတာ... ၅ စုံတောင်..."" အေး အေး... ငါ့ အင်္ကျီတွေလဲ ယူခဲ့ဦးမယ်...
အိမ်နေရင်း ဝတ်ရတာပေါ့....
ဒီ၄ထုတ်ပဲလား...အဝတ်ခြင်း မနက်လာမှ ယူခဲ့မယ်..
မင်းလဲ စောစောအိပ်... ငါသွားပြီ.."ငယ်ငယ်ကတည်းကရင်းနှီးပြီး အဖေဆုံးတော့ကူညီစောင့်ရှောက်ခဲ့တာ အမေဆုံးပြီး ကိုယ့်မှာရုတ်တရက်
ကိုယ်ဝန်ရှိလာတဲ့အခုချိန်ထိ... Hoseok ကံကောင်းခြင်းက အမျိုးမတော်ပေမဲ့ ဂရုစိုက်စောင့်ရှောက်ပေး
နေတဲ့ ပတ်ဝန်းကျင်ကောင်းရှိတာ... အဝတ်ခြင်းကို
ပိုက်သယ်သွားတဲ့ ဦးလေးငယ်ကို ငေးကြည့်နေမိသည်။" Hoseok ဘာလုပ်နေတာလဲ... အေးတယ်ကွ...
တံခါးပိတ်....အထဲဝင်ပြီး ပဲခေါက်ဆွဲ မြန်မြန်သွား
စားချေ..."" ဟုတ်ကဲ့..."
နောက်လှည့်ကြည့်ပြီး လှမ်းအော်တာကြောင့် Hoseok တံခါးပိတ်ပြီး ပဲခေါက်ဆွဲထိုင်စားနေလိုက်
သည်။