Part - 31

322 48 14
                                    


Unicode

အိပ်ရာနိုးချိန် မျက်လုံးတွေဖွင့်တာနဲ့ Namjoon မြင်ချင်သူလေးက အနားမှာမရှိ... ညက သားနဲ့ ထွက်သွားတာပြန်လာအိပ်ရဲ့လား... စောင်ချုံပေးတာပုံကတော့
နှစ်ယောက်ချုံပြီးပြန်ထွက်သွားတဲပုံ... Jeju မှာ ရက် တွေအကြာကြီး နေခဲ့ရမှာ... အိပ်ရာထပြီး သားအခန်းဘက် ထွက်လာတော့ ဧည့်ခန်းမှာ Taehyung က pajama နဲ့ ငုတ်တုတ်...

" Joonho အိပ်တုန်း..."

" အင်း ခဏ ဝင်ကြည့်ဦးမယ်...Jin Hyung ရော.."

" ရေချိုးနေတယ်... ဦးလေးက ရုံးလိုက်ခဲ့ဖို့ပြောထား
လို့.. ခင်ဗျားကားနဲ့လိုက်ခဲ့မှာနော် "

" ကားယူထားလိုက်လေ... ကျွန်တော် အဖေနဲ့လိုက်
သွားမယ်..."

Canada က ပြန်ရောက်ကတည်းက ကိုယ့်မင်္ဂလာဆောင်ကြောင့် Jin Hyung တို့အခြေချဖို့
မပြင်ဆင်ရသေး... အိမ်မှာလည်း ကားက ၃စီး... သူတို့ထပ်ဝယ်လည်းထားစရာမရှိတော့... ကိုယ့်ကားပဲ သူတို့
သုံးနေရတာ...
သားက အခန်းထဲအလယ် သစ်သားပုခက်ကြီးနဲ့... ပွဲစားကြီးလာဆင်ပေးသွားတာ... သူတို့မိသားစုအစဥ်အဆက်သုံးခဲ့တယ်ဆိုပဲ...မိဘမဲ့ Jung Hoseok က
မိဘဆွေမျိုးများစွာနဲ့ အချစ်ခံလေး... အခုလဲ အမေသာမကြည်တာ...ကျန်သူတွေ အကုန်ချစ်သည်... ကောင်မလေးတွေနဲ့ သိပ်မလွှတ်ထားဖို့ Mis.Cha ကို
မှာထားမှ.... ရောက်ခါစက ကလေးအဖေမုဆိုးဖို
ချောချောလေးဆိုပြီး ဒင်းတို့ ငမ်းကြတာကိုယ်အသိ...
သားအခန်းထဲကပြန်ထွက်လာတော့ Taehyung က
ထိုင်နေဆဲ... Jin Hyung က အခန်းထဲမှ ခေါင်းလေး
ထွက်လာသည်။

" မောင်.... ရေလာချိုး ... အယ် Joonie နိုးပြီလား..
ရေမိုးချိုး ပြင်ဆင်တော့...ဦးလေးပြန်ရောက်နေပြီ."

Jin Hyung ခေါ်ပုံလေး ထူးဆန်းလို့ငေးမိသည်။ Taehyung ကပြုံးဖြီးဖြီးနဲ့ထထွက်သွားမှ အခန်းထဲဝင်ခဲ့သည်။
.......................

" ကျေးဇူး အစ်ကိုဒုံဆူ..."

ကားသော့လာပေးကာ ပြန်ထွက်သွားတဲ့ အစ်ကိုဒုံဆူ ကို နှုတ်ဆက်လိုက်သည်။ Jin Hyung တို့ အဖေနဲ့ပြန်နှင့်ပြီး သူက အလုပ်ကြွေးတစ်ချို့ရှင်းရင်းကျန်ခဲ့ရမှာ... မနက်က ဖိုးဖိုးအခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ကောင်လေးကို ခဏပဲဝင်နှုတ်ဆက်ခဲ့တာမို့ လွမ်းလှပြီ။
ကားပေါ်တက်ခါနီး မျှော်လင့်ပေမဲ့ ထွက်မလာ... ဖိုးဖိုး နေမကောင်းဘူးဆိုတဲ့ အတွေးနဲ့အလုပ်ဖိလုပ်ဖို့ကြိုးစားလိုက်သည်။ ၇နာရီ ထမင်းဝိုင်းကို အမှီပြန်ရဦးမယ်......

Have been fall in love ( Completed )Where stories live. Discover now