Unicode
" Bar က သူဌေး တိုက်ရိုက်ကိုင်တာကွ... ဒါပေမဲ့
မင်း အရင် မန်နေဂျာကြီး ကိုဝင်တွေ့ပြီး ပြောရ
မယ်... ထမင်းစားချိန် သွားတွေ့လိုက်... ငါ့ကို ပြော
ပြီးမှ လာတာလဲ ပြောလိုက်နော် Hoseok "" ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ "
ကြီးမှူးကို ဦးညွှတ်နှုတ်ဆက်ပြီး တာဝန်ကျရာသို့ အမြန်
သွားရင်း အဆင်ပြေပါစေ ဆုတောင်းနေမိသည်။...................
" မင်း ဘာလို့ အလုပ်တွေ လောဘကြီးရတာလဲ...
ဒီအသက်အရွယ်နဲ့....."မန်နေဂျာကြီးစကားကြောင့် သူလန့်သွားပေမဲ့ မပြောမဖြစ် ပြောရမှာပဲ....
" အမေ့ ကိုဆေးရုံပြနေရတယ်ခင်ဗျ... အခု ဆေးရုံ
တင်ရဖို့ ခွဲစိတ်ရဖို့ ရှိနေလို့ပါ..."Hoseok အသံတိုးတိုး အဆုံးမှာ မန်နေဂျာကြီး ထံမှ သက်ပြင်းသံ တစ်ခုကြားရသည်။
" မင်းအတွက် သင့်တော်ပါ့မလားလို့... သူဌေးကလဲ
ငြင်းလိမ့်မယ်...
မလုပ်နိုင်တဲ့အလုပ်ဖြစ်နေမှာစိုးလို့ "" ကျွန်တော် ကြိုးစားကြည့်ချင်တယ်... "
Hoseok ရဲ့ တောင်းပန်တိုးလျှိုးသံမှာ မန်နေဂျာကြီး
လက်လျှော့ကာ ဖုန်းကို ကောက်ကိုင်သည်။" Jung Hoseok က Bar waiter လာလျှောက်
နေတယ် Boss ...
.........
ပြောပြီးပြီ ... ကိုယ်လည်း အဲ့လောက်မပြောတတ်
ဘူးလေ... ခု ကိုယ့်ရှေ့မှာ
..........
အင်း... သူ့ခေါ်ပြီးလာခဲ့လိုက်မယ်..."မန်နေဂျာကြီးက သူ့မှတ်စုစာအုပ်ကိုယူရင်း Hoseok
ကို အပြင်ထွက်ဖို့ မျက်နှာရိပ်လှမ်းပြသည်။" ငါတော့မင်းကို စိတ်ပူတယ် Hoseok ... "
" Boss ကအလုပ်မခန့်မှာကိုပဲ ကျွန်တော်စိတ်ပူတာ "
မန်နေဂျာကြီးက ခေါင်းတစ်ခါခါဖြင့် ရှေ့မှဦးဆောင်
သွားသည်။ သူဌေးအခန်းတံခါးကို သုံးချက်ခေါက်ပြီး
တစ်ခါတည်းဖွင့်ဝင်သွားတဲ့ မန်နေဂျာကြီးက လက်ရှိ Hoseok ရဲ့အားကိုးရာ...။" ထိုင် Hyung... သစ်တော်သီးစားဦး... "
" တော်ပြီ..ဗိုက်အင့်နေလို့ "