Part - 30

325 56 19
                                    


Unicode

" Hoseok... အမေ့အတွက်လိမ္မော်သီးသွားပို့ပေး
လိုက်ပါဦး... နှုတ်ဆက်စကား ကောင်းကောင်းမွန်မွန်
ပြောပြီး သည်းခံခဲ့နော်"

" ဟုတ်ကဲ့ပါ အစ်ကိုလေး"

အစ်ကိုလေးက Hoseok အနားကပ်ပြီး ခပ်တိုးတိုးပြောလာတာမို့ ကြောက်စိတ်ကိုရအောင်တားပြီး Hoseok မျက်နှာငယ်နဲ့ထွက်ခဲ့သည်။ မီးဖိုဘက်ကိုသွားတော့ လိမ္မော်သီးတွေလာပို့တဲ့ အစ်ကိုဒုံဆူနဲ့ဆုံသည်။

" ပျော်ခဲ့တယ်မဟုတ်လား...အစ်ကိုလေး Hoseok "

" အာ အဲ့လိုကြီး မခေါ် ပါနဲ့...အရင်လို Hoseok
လေးပဲခေါ်..."

" သူဌေး သားမက်လေ... အလုပ်သမားတွေအကုန်ကို
မနေ့ကတည်းကမှာပြီးသား..."

" အဖေ့စာရင်းထဲ အစ်ကိုဒုံဆူက အလုပ်သမားလား...
အပို ပြောမနေနဲ့... အရင်လိုပဲခေါ်... လာ ကျွန်တော်
သူဌေးကတော်အတွက် လိမ္မော်သီး သွားပို့မလို့..."

လိမ္မော်သီးခြင်းကူဆွဲရင်း မီးဖိုခန်းထဲဝင်လိုက်သည်။

" အဒေါ်ကြီး... သူဌေးကတော်အခန်းထဲ လိမ္မော်သီး
ပို့မလို့ ပန်းကန်ထုတ်ပေးပါလား ..."

" အမေ ခေါ်ရမှာလေ အစ်ကိုလေးHoseok "

" အကျင့်မဖြစ်သေးလို့..."

အခေါ်အဝေါ်တွေ ဥပေက္ခါပြုရင်း လိမ္မော်သီးတွေသန့်စင်ကာ ပန်းကန်ထဲထည့်ပြီး ထွက်ခဲ့လိုက်သည်။ အစ်ကိုဒုံဆူ က လက်သီးဆုပ်ပြပြီး အားပေးသည်။
တုန်တုန်ရီရီနဲ့ တံခါးခေါက်ပြီး ဝင်ခွင့်ပြုတော့ အားတင်းကာ အထဲဝင်လိုက်သည်။

" ပျော်ခဲ့ရတယ်မဟုတ်လား Jung Hoseok...
တစ်အိမ်လုံးက ယောက်ျားတွေအကုန် မင်းဘက်မှာ
ဆိုတော့... "

Hoseok နှုတ်ဆိတ်ကာ ခေါင်းငုံ့နေလိုက်သည်။ ကိုယ်ချစ်တဲ့သူက Joonho ရဲ့ဖခင်ဖြစ်နေတာတစ်ခုနဲ့တင် အရာရာ သည်းခံဖို့ အသင့်ဖြစ်နေခဲ့သည်။

" Joonie ကို အရယူပြီးပြီ... ဥက္ကဋ္ဌကြီးနားကို ကပ်
ဖို့မစဥ်းစားနဲ့... ဒီနေ့ ငါထမင်းထွက်မစားဘူး...
နောက်နေ့တွေ ငါရှိတဲ့ထမင်းပွဲမှာလဲ မင်းကိုမမြင်
ချင်ဘူး... ဖိုးဖိုးနဲ့Joonie ရဲ့ ဝေယျာဝစ္စအပြင် ချက်
ပြုတ် လျှော်ဖွပ် သန့်ရှင်းရေးတွေလဲ ဝိုင်းကူရမယ်.."

Have been fall in love ( Completed )Where stories live. Discover now