Part - 23

365 57 22
                                    


Unicode

" ကျွန်တော့် သူဌေးပါ... သူတို့အိမ်ကို ကျွန်တော်
အမြဲဝင်ထွက်နေတာ... Hoseok တစ်ခုခုဖြစ်ရင်
ကျွန်တော် အရင်ဆုံးရှင်းမှာ... ဦးလေး စိတ်ပူရ
လောက်အောင်မဆိုးပါဘူး..."

" ကလေးငယ်လေးနဲ့ဆိုတော့ စိတ်ပူတာပါ... အဖိုး
ကလဲ သနားဖို့ကောင်းပေမဲ့ Hoseok က ငါတို့
အတွက် သားလိုဖြစ်နေတော့..."

နောက်ဆုံးတော့ Yikyung Hyung ကို အမြဲယုံကြည်ခဲ့တဲ့ ပွဲစားဦးလေးခွင့်ပြုမှုနဲ့ Hoseok အဝတ်အစားတွေ နဲ့ ကလေးအသုံးအဆောင် အချို့
ကို ထုပ်ပိုးပြင်ဆင်လိုက်သည်...

" တစ်ချို့ပစ္စည်းတွေ ဟိုမှာ နေရာတကျဖြစ်မှ
Hyung လာယူပေးမယ်... "

အဖိုး Kim ကတော့ သားလေး ဘေးမှာ ပျော်ရွှင်စွာ
ဆော့ရင်း " ဂွီယောင်းနဲ့ အိမ်ပြန်မယ် " သာအော် နေသည်။ ပွဲစားကြီးလင်မယား...အန်တီမြောင်အွန်းတို့
မောင်နှမ... ဒေါ်လေးမင် တို့ကို နှုတ်ဆက်ပြီး ထွက်လာစဥ်မှ စိုးရိမ်မှုက Yikyung Hyung ကားရပ်လိုက်ချိန်မှာ အမြင့်ဆုံးဖြစ်သည်။ တစ်ခေါက်သာ ရောက်ဖူးတဲ့ ဒီနေရာ....

" သူဌေးက Kim Minwoo လား Hyung ..."

" အင်း ... ဟုတ်ပ... မင်းသိလား..."

" သူ့ဇနီး နဲ့ ချွေးမလေး... အဆင်ပြေပါ့မလား..."

" ချွေးမက ကွာရှင်းတာကြာပေါ့... သူဌေးကတော်
ကတော့ ဖိုးဖိုးကို ဦးစားပေးတတ်တယ်..."

" သူဌေး Lee ကားအထဲဝင်လိုက်ပါလား... "

သူဌေးကြီး Kim Minwoo ရဲ့ ယာဉ်မောင်းက ခြံဝင်းတံခါးဖွင့်ရင်း သူ့ကိုလှမ်းကြည့်သည်။

" ဂွီယောင်း.... ဘယ်သူ့မှ မကြောက်နဲ့... ဒါ ငါ့အိမ်...
ငါ မင်းကို စောင့်ရှောက်မယ်..."

စင်ဝင်အောက်ရောက်တာနဲ့... ကားပေါ်ကနေ ကလေးတစ်ယောက်လို ခုန်ဆင်းတဲ့ အဖိုး Kim ကို Yikyung Hyung လိုက်ထိန်းနေရသည်။ အဖိုး
ကတော့ Hoseok လက်ကို အတင်းဆွဲကာ ကားပေါ်မှ
ဆင်းခိုင်း နေသည်။

" သား ဂွီယောင်းက ငါနဲ့ အတူ နေမှာ...
ဂွီယောင်း ဒါ ငါ့သား...ဒါက ဖွားဖွား...ဟိုနားက မမ "

" Jung Hoseok..."

အဖိုး Kim ရဲ့မိတ်ဆက်သံအဆုံး တအံ့တသြ ဖိတ်ကျလာတဲ့ သူဌေး Kim Minwoo ရဲ့အသံတိုးတိုး... ပြုံး နေရာမှ ချက်ချင်းခက်ထန်သွားတဲ့ သူဌေးကတော်ရဲ့
မျက်နှာ... ကလေးတဖက်ကချီရင်း အဖိုးဆွဲခေါ်ရာ လိုက်ခဲ့ပေမဲ့ Hoseok စိတ်ထဲ ထိတ်လန့်နေခဲ့သည်။
...................................

Have been fall in love ( Completed )Where stories live. Discover now