Unicodeတံခါးဖွင့်သံကြောင့် Hoseok အိပ်ရာမှနိုးလာသည်။
Dream bed ဘေးလာရပ်သည်က Haejin တို့ အမေ..." Hoseok လေး ... ဒီနေ့အလုပ်သွားမယ်ဆို..
၆နာရီခွဲပြီ "" ဟုတ် ဒေါ်လေး... ကျွန်တော် ရေချိုးပြီး မနက်စာ
သွားဝယ်လိုက်မယ်...အလုပ်က ၈နာရီ မှသွားရမှာ "Hoseok သွားတိုက်တံယူရင်း မှန်ကြည့်လိုက်တော့
ဓါတ်လှေခါးထဲက အနမ်းတွေ... သူသတိရသင့်တဲ့အရာမှမဟုတ်တာ... ခေါင်းကိုခါယမ်းလိုက်ပြီး မေ့သင့် မေ့ထိုက်တာ မေ့ပစ်ရမယ်လေ... မျက်နှာသစ်ရေချိုးပြီး ထွက်လာတော့ အမေ နိုးနေပြီ..." အမေ နေကောင်းရဲ့လား... သား မျက်နှာသစ်ပေး
မယ်.."" ဒေါ်လေး လုပ်ပေးပြီးပြီ...
Yoongi သား ဝင်လာလေ"ဟ ထားတဲ့ တံခါးဝ ကနေ လှမ်းခေါ်ဖို့ကြိုးစား နေတဲ့
Min Yoongi..." Duty ထွက်လာတာလား Hyung "
" အင်း... အိမ်အပြန် ချိုင့်တွေဝင်ယူတာ...
ဒေါ်လေး ဟန် သက်သာရဲ့လား... "Yoongi Hyung က Hoseok ဘေး ဝင်ထိုင်ရင်း
အမေ့ကို နှုတ်ဆက်သည်။ အမေကတော့ ခေါင်းလေးသာ ညိမ့်ပြနိုင်ရှာသည်။" Hoseok .. Hyung မနက်စာ ဝယ်လာတယ်...
ဒေါ်လေးဟန်ဖို့ ဆန်ပြုတ်... အာ ဧည့်သည် ရှိတာ
လား..."Lee Yikyung တစ်ယောက် Hoseok ဘေးက Min Yoongi ကိုမြင်တော့ စကားဆက်မပြောနိုင်..
" Hyung ရယ် အားနာစရာကြီး.."
" ရပါတယ်ကွာ... ငါ exercise ထွက်လုပ်ရင်း
Breakfast က အပြင်မှာစားဖြစ်လို့...တကူးတက
လာရတာ မဟုတ်ဘူး..."Yoongi Hyung က ဘေးကနေ သူ့ကို လက်ကုတ် နေတာမို့ Hoseok မိတ်ဆက်ပေးဖို့ သတိရသွားသည်။ ဖြတ်ကနဲ လှမ်းကြည့်နေတတ်တဲ့ Yikyung Hyung ကိုလည်း သတိထားမိပါရဲ့...
" Hyung ဒါ Min Yoongi တဲ့.. ကျွန်တော့်
အိမ်ရှင်.. Yoongi Hyung ဒါ ကျွန်တော် ပြောနေ
ကျ Lee Yikyung Hyung... ဒီ အဝတ်အစား
တွေရဲ့ပိုင်ရှင်... "" မင်းကွာ အဲ့ဒါကြီး ထည့်မပြောနဲ့လေကွာ...
ဟုတ် Lee Yikyung ပါ.. တွေ့ရတာဝမ်းသာပါ
တယ် "
