Unicode" Hoseok နာရီကြည့်ဦး... "
Haejin က အမေ့အတွက် ယူလာတဲ့ထမင်းချိုင့်ကို
ခုံပေါ်တင်ရင်းသတိပေးသည်။ တော်တော်လေးပိန်ကျသွားတဲ့ အမေ့ကိုနှိပ်ပေးနေရင်း လိုတဲ့ငွေကို
စိတ်ရောက်တာမို့ အချိန်ကိုသတိမထားဖြစ်တော့..။" အင်း...ဒီနေ့ စောသွားမလို့... "
" သွားလေဟာ... နက်ဖြန်ခွဲစိတ်ခန်းဝင်မှာ...ဒီနေ့ပြင်
ရမှာတွေ ငါလုပ်ထားမယ်... စိတ်ပူမနေနဲ့ "" အေးပါဟာ... နင်က ပိုကျွမ်းကျင်မှာ "
Hoseok အမေ့ကိုလှမ်းကြည့်ရင်း လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။
" Hoseok "
အခန်းအပြင်ဘက်ရောက်မှ နောက်ကလိုက်လာပုံရတဲ့ Haejin ကခပ်တိုးတိုး လှမ်းခေါ်သည်။
" မနက်ဖြန် ခွဲစိတ်ခန်း ငွေသွင်းရမှာ...
နင် အဆင်ရောပြေရဲ့လား "" အင်း... ပြေပါတယ်..."
" ပြေတယ်ဆိုလဲပြီးရော... အဒေါ့် ရှေ့မမေးချင်လို့ "
" ငါ အလုပ်သွားတော့မယ် "
သူထွက်ခဲ့လိုက်သည်။ ဘတ်စ်ကားမှတ်တိုင် ၂ခုစာအကွာအဝေးဟာ မိုင်တိုင်များစွာကြာနေသလို...
Locker မှာ အဝတ်အစားတွေလဲလှယ်ပြီး အပေါ်တက်တော့ မီးဖိုအဖွဲ့အချို့သာရောက်သေးသည်။" မန်နေဂျာ Park ရောက်ပြီလား Hyung..."
" ရောက်ပြီ... သူ့ရုံးခန်းမှာ.."
" ဟုတ်..."
မန်နေဂျာရုံးခန်းရှေ့မှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး တံခါးခေါက်လိုက်သည်။ သူ ဒီနေ့ ဘာဖြစ်ဖြစ်
ငွေရအောင်ရှာရမည်မို့..............................
တံခါးခေါက်သံကြောင့် Boss က အဝတ်လဲစင်လိုက်ကာနောက် ပြေးပုန်းသည်။ မသိသူဖြင့် မရှိပဲကို..။
" ဝင်ခဲ့ပါ.. "
ဝင်လာသူက Jung Hoseok... စားပွဲရှေ့ ခပ်တောင့်တောင့်လေး ရပ်လိုက်ရင်း Jimin ကိုလှမ်းကြည့်သည်။
" ဘာပြောမလို့လဲ Hyung... ခွင့်ကိစ္စ က Boss ကို
ကျွန်တော် သတင်းပို့ပြီးပြီ... စိတ်မပူနဲ့..."