Part - 4

719 94 8
                                    

Unicode

   " သူဌေးကတော်... သူဌေးကတော်.. "

တံခါးခေါက်သံတိုးတိုးနဲ့အတူ Mis. Chaအသံကြောင့်
Mrs. Kim အဝတ်အစား ပြီးအောင်ဝတ်လိုက်သည်။

  " ဝင်ခဲ့ပါ Mis. Cha.."

" အကိုလေး.. ဖုန်းဆက်လာလို့... ဒီညနေ လေဆိပ်မှာ
   လာကြိုပေးပါတဲ့.."

  " လုပ်ပြီ.. ဒီကလေးကတော့.. သွားတာဘယ်နှစ်ရက်
     ရှိသေးလို့လဲ.."

Mis. Cha  က လက်လေးနှစ်ချောင်းထောင်ပြသည်။

   " ဒုံဆူ ကိုလှမ်းပြောမှပဲ.."

  " ဒုံဆူက သူဌေးကို ညနေ ပြပွဲလိုက်ပို့ရမယ်တဲ့..
    သူဌေးကို သူလဲ ပြောရဲမှာမဟုတ်ဘူး.."

  " အဲ့ကလေးကြောင့်လဲ စိတ်ညစ်တယ်အေ .. သူ့
    အဖေ စိတ်ကိုသိရဲ့သားနဲ့.. ဘာကိစ္စ စောပြန်လာ
    တာလဲမသိဘူး.. သူကအေးဆေး.. တို့တွေက လိုက်
    ပူနေရတယ်.. ချွေးမလေး ကို ဖုန်းဆက်ဦးမယ်.."

ထွက်သွားဖို့ပြင်နေတဲ့ Mis. Cha ကိုလှမ်းတားရင်း     ချွေးမဖုန်းကို ခေါ်လိုက်သည်။

  " သမီး အမေပါ...
    Namjoon အနားမှာရှိလား...
    ဒီနေ့ ပြန်လာမလို့ဆို .. ဘာဖြစ်လို့လဲ သမီး..
    ဩော်... ညနေကြိုခိုင်းထားမယ်...
    အင်း... အေးပါကွယ်.."

သူမ ဖုန်းချလိုက်ပြီး သက်ပြင်းတစ်ခုနဲ့ ထိုင်ခုံမှာထိုင်လိုက်သည်။

  " ဂျယ်ဂျူ ကို Honeymoon သွားတာ ပျင်းလို့တဲ့
   လေ နှစ်ယောက်စလုံးက.."

   " အကိုလေးကရော ဘာပြောသေးလဲ ..."

   " အောက်ဆင်းပြီး လက်ဆောင်တွေ သွားဝယ်နေ  
     တယ်တဲ့ ... တစ်ယောက်တစ်နေရာ.."

   " ပြန်လာမှာ သေချာနေတော့ ကြိုဖို့လုပ်ရဦးမယ်..
     ကျွန်မ သွားကြိုလိုက်မယ်လေ... အဖိုး ကားတော့
    ဖြစ်ပါတယ်.. အကိုလေး ကားသာ မမောင်းရဲတာ.."

  " မဖြစ်ပါဘူးအေ... တိုနှစ်ယောက်အိမ်မှာ မရှိရင်လဲ
    ပြသနာကြီးမှာ.. "

Mis. Cha ငြိမ်ငြိမ်လေး တွေးနေရာမှ ထခုန်သည်။

  " အကိုလေး Seokjin လေ သူဌေးကတော် ... သူ
   ဆို ကိုယ်တိုင် မကြိုနိုင်ရင်လည်း ကြိုပေးမဲ့သူတော့
   စီစဥ်ပေးလိမ့်မယ်.."

Have been fall in love ( Completed )Where stories live. Discover now