Unicode
တိုက်ခတ်နေသောလေကပဲ အေးစက်တာလား.. သူတို့ကြားက အခြေအနေကပဲ အေးစက်တာလားမသိ... ဟန်မြစ်ကမ်းဘေးက ခုံမှာ နှစ်ယောက်အတူထိုင်နေရင်း စကားမဆိုဖြစ်တဲ့အခြေအနေ... ပတ်ဝန်းကျင်မှာ
ပျော်ရွှင်ကြည်နူးနေသူတွေကို Hoseok လှမ်းကြည့်တော့ Min Nahyung ထံမှ သက်ပြင်းချသံ တိုးတိုး။" မ... မောင့်ကိုပြောစရာရှိတယ်ဆို.."
" အိမ်က မ ကို အိမ်ထောင်ချပေးဖို့ စီစဥ်နေကြ
တယ်.. မ မောင်နဲ့မခွဲချင်ဘူး.."တစ်ချိန်ချိန်မှာ ကြုံမှာမျှော်လင့်ပေမဲ့ ဒီအချိန်တော့မဟုတ်.. အမေ နေမကောင်းလို့ တက္ကသိုလ် ကနားလိုက်ပြီး အချိန်ပိုင်းအလုပ်များစွာနဲ့ Hotel တစ်ခုမှာအလုပ်သင် သင်တန်းသား တစ်ယောက်က ပြည့်စုံတဲ့
မိန်းကလေးတစ်ယောက်ကို ဘယ်လိုအကြောင်းပြချက်
နဲ့ ဆွဲထားရက်မှာလဲ..." မခွဲချင်ဘူးလို့တောင် မောင်မပြောရဲဘူး မ ရယ်"
သူ့အသံ တိုးတိုးမှာ Nahyung ကနားလည်စွာပြုံး သည်။ ရည်းစားသက်တမ်း တစ်နှစ်မှာ Hoseok ရဲ့
အခက်အခဲတွေကို သူမ ဘေးကနေအားပေး နေခဲ့ဖူးတာလေ..." စိတ်ရှိတိုင်းသာဆို မ ကိုခေါ်ပြီးအဝေးတစ်နေရာ
ကို မောင်သတ္တိရှိရှိထွက်ပြေးချင်လိုက်တာ "" မ နားလည်ပါတယ်... အန်တီကိုလဲ ငဲ့ရဦးမယ်လေ
မ တို့ရဲ့ချစ်ခြင်းက ခွဲခွာဖို့များလား"" ကျွန်တော်ရဲ့မပြည့်စုံခြင်းက မ ကိုနာကျင်စေပြန်
ပြီ.. တောင်းပန်ပါတယ် မ ရယ်"မျက်ရည်လေးတွေသုတ်ပေးရင်း ကိုယ်တိုင်လည်းအား
ငယ်သည်.. ဘဝတွေက မိုးနဲ့မြေ.." ဘွဲ့ယူပြီးတာနဲ့ Wedding လုပ်မှာလားမသိဘူး "
" Wedding တော့မဖိတ်နဲ့နော်.. "
ပြန်ကြီးစိုးလာတဲ့ တိတ်ဆိတ်မှုတွေကြား မနေတတ်တော့ပုံရတဲ့ Min Nahyung ရုတ်တရက် ထရပ်သည်။
" ပျော်ရွှင်ခဲ့ရလို့ ကျေးဇူးတင်ပါတယ် မောင်...
နှုတ်ဆက်ခဲ့ပါတယ်.."