Part - 2

938 113 7
                                    

Unicode

Namjoon  ပန်းချီခန်း​လေးထဲမှာ သူ့​နောက်ဆုံး လက်ရာလေးကို အနုစိပ်ဆွဲ​​နေမိသည်။ မ​နေ့က အနီးကပ် ​တွေ့လိုက်ရတဲ့မျက်နှာ​လေး​ကြောင့် သူ့ပန်းချီကား​လေး အသက်ဝင်​နေသည်။ မ​နေ့ကမ​တွေ့ဖြစ်ရင် ပြည့်စုံခြင်းကင်းမည်လား သို့တည်းမဟုတ် တဝက်တပျက်ဖြစ်​နေမည်လား။ ​နောက်နှစ်ရက်​လောက်ဆို ဒီအခန်းသည်ပိတ်ရ​တော့မည်မို့ အ​ချောသတ်ကို ​သေချာဆွဲ​နေမိခြင်းပင်....
တံခါး​ခေါက်သံတိုးတိုး​​ကြောင့် သူခါးဆန့်လိုက်သည်။

   " Mis. Cha လား...အထဲဝင်ခဲ့ပါ​နော် "

Namjoon စကားဆုံး​တော့ တံခါးဖွင့်ဝင်လာတဲ့ Mis. Cha ရဲ့မျက်နှာမှာအံ့သြမှု​တွေ..

   " ဘာကိုအံ့သြတာလဲ.. ကျွန်​တော့်ကိုလား ပန်းချီ
   ကား​တွေကိုလား.."

   " နှစ်ခုစလုံးပဲ အကို​လေး... ဒီအခန်းထဲ​ခြေချဖူးတဲ့
    သူက အကို​လေးအပြင်ဘယ်သူမှမရှိဘူး​လေ..
    ပြီးဒီမှာရှိသမျှပန်းချီကား​တွေအကုန် အကို​လေးဆွဲ
    ထားတာလား... အကုန်လှတယ် "

   " အင်းဟုတ်တယ်... ဒါ​လေးက ကျွန်​တော့်​နောက်
    ဆုံးလက်ရာဖြစ်မလားမသိ.. "

   " ဒီမှာ.. လက်ကိုင်ပုဝါ​လေး ​လျှော်ပြီးမီးပူတိုက်ခဲ့
    တယ်..
   " ပုံတူ​လေးလဲဆွဲတာပဲလား..အဲ့​ကောင်​လေး​တော်​
     ​တော်​​ချောတာပဲ.. ပန်းချီဆရာ​တော်လို့ ပန်းချီကား
     ကအသက်ဝင်တာ..."

ပန်းချီ​တွေကိုစိတ်ဝင်စားစွာကြည့်ရင်း ​ဝေဖန်​နေတဲ့
Mis. Cha က လက်ကိုင်ပုဝါ​လေးလှမ်း​ပေးသည်။

   " ကျွန်​တော် ဒီအခန်းကို အပြီးပိတ်ရ​တော့မယ် "

   " မနက်ကသူ​ဌေးက​တော်​ပြောတာကြားလိုက်တယ်
     အိမ်​ထောင်ပြုပြီးရင်​တော့ နှစ်​ယောက်တစ်ဘဝ​
    ​လေ.. ဘယ်သူ့ကို လျှို့ဝှက်ထားထား အိမ်​ထောင်
    ဘက်ကို​တော့ လျှို့ဝှက်လို့မဖြစ်ဘူး​ရော... အဲ့ဒါ
    ​ကြောင့် သူ​ဌေးက​တော်က ပိတ်ခိုင်းတာ... တကယ်
    လို့ အကို​လေးမပိတ်ချင်ရင် သူ့ကိုအဲ့အခန်းနဲ့ မိတ်
   ဆက်​ပေးလိုက်ရမယ်... ကိုယ့်ဘာသာ​ရွေးချယ်​လေ
    အကို​လေးရဲ့..."

Have been fall in love ( Completed )Where stories live. Discover now