UnicodeTaehyung အကူအညီတောင်းပြီး လှမ်းခေါ်လို့ Namjoon Japan ကိုရုတ်တရက်ထလိုက်သွားရသည်။ ဘယ်လောက်ကြာမလဲ မသိနိုင်တဲ့ခရီးကို Jin Hyung မျက်နှာနဲ့ အဖေကခွင့်ပြုခဲ့သည်။ Elite ရဲ့ သူဌေးကြီး ကလဲဘာမှဆက်သွယ်ခြင်းမရှိ။ Taehyung ကလဲ သူ့အဖေကိုမပြောရသေးဘူးတဲ့။
Namjoon ကသာ ကြောင်တောင်တောင်နဲ့ လုပ်ငန်းတစ်ခု စီစဉ်ထားတယ်ဆိုတဲ့ Canada ကို Taehyung အစားရောက်နေတာ.... Taehyung
ကတော့ အိမ်ကနေထွက်ပြေးဖို့ စီစဉ်ထားပုံ... အခု သူက ဥပဒေပိုင်းအချက်အလက်တွေ နဲ့ အခွန်ပိုင်းဆိုင်ရာစာချုပ်တွေကိုစစ်ဆေးပြီး လုပ်ငန်းလည်ပတ်
ဖို့ပြင်ဆင်ပေးခဲ့ရုံ... ပြီးပြည့်စုံပြီလို့ ယူဆပြီး ပြန်ဖို့သူဆုံးဖြတ်ကာ Taehyung ကိုဆက်သွယ်လိုက်သည်။" Taehyung ... ခင်ဗျား Japan မှာပဲလား.."
" အင်း Japan မှာပဲဗျ... သန်ဘက်ခါတော့ ပြန်မယ်
အဖေက တမင်များပို့ထားသလားမသိဘူး..."" ကျွန်တော်လဲ ဒီဘက်မှာ အကုန်ပြီးပြီ... နက်ဖြန်
ပြန်လာမယ်... ဘာသာပြန်ဖို့ကတော့ အေးအေး
ဆေးဆေး လုပ်ပေးမယ်...""ကျေးဇူးတင်တယ် Namjoon...ဒီ ၁၅ရက်လောက်
ဒုက္ခခံပေးလို့... ကျွန်တော့်မှာ ခင်ဗျားပဲ အားကိုးစရာ
ရှိတယ်ဗျာ..."" ရပါတယ်ဗျ... ကျွန်တော့်အကိုကိုသာ ဂရုစိုက်ပေး.."
" အာ့က ပြောစရာကိုမလိုတာ ဟီးဟီး...
ခင်ဗျား အဲ့မှာ ညဉ့်နက်နေပြီ အိပ်တော့... နက်ဖြန်
အတွက်လက်မှတ်ရပြီလား... "" Booking ရပြီးပြီ... ခင်ဗျားပြန်ရောက်မှပဲဆုံမယ်
Bye... see you.."Taehyung ကိုနှုတ်ဆက်ပြီး Namjoon အိပ်ယာထဲလှဲချလိုက်သည်။ မျက်လုံးတွေ စုံမှိတ်လိုက်တာနဲ့
Jung Hoseok ရဲ့ ပုံရိပ်အချို့ကို မြင်ယောင်သည်။
သူ့ကိုမတွေ့ရတာ ၃ ပတ်... လွမ်းတယ် ကောင်လေး...
နေ့ရက်တိုင်း သတိရပြီး ပင်ပန်းတိုင်း တမ်းတမိရတဲ့
ကောင်လေး Jung Hoseok.... ကိုယ့်အိမ်မက်ထဲမှာ
ပျော်ပျော်ရွှင်ရွှင်ရှိနေပေးပါ..။# # # # #
အရာရာ အဆင်ပြေဖို့ မျှော်လင့်ကြိုးစားရင်း Hoseok
တစ်ယောက်တည်း ရှင်သန်နေထိုင်ရသည်။ အရင်းမဟုတ်ပေမဲ့ ဦးလေးလို အဒေါ်လို အကိုအမလို ဂရုစိုက်
စောင့်ရှောက်သူတွေနဲ့ ပတ်ဝန်းကျင်က သူ့ ကြောက်ရွံ့မှုကို လျော့ပါးစေသည်...
![](https://img.wattpad.com/cover/248704387-288-k8157.jpg)