Part - 26

439 58 40
                                    


Unicode

" သူဌေး ... ဥက္ကဋ္ဌကြီးက အခုလာခဲ့ပါဦးတဲ့... "

" ဟုတ် လာပြီ မန်နေဂျာ မွန်း..."

Namjoon ဖတ်လက်စ စာတွဲကို ချပြီး အဖေ့ရုံးခန်းသို့ ဦးတည်လိုက်သည်။ မနေ့ည ပြန်ရောက်ကတည်း
က မျက်နှာခပ်တင်းတင်းနဲ့ အမေ့ကိုကြောက်ပြီး အဖိုးနားမှာပဲ ကပ်နေတဲ့ကောင်လေးကို ခုထိ မျက်နှာလေးတောင် မတွေ့ရသေး... စောစောပြန်ပြီး ကိုယ်ပါအဖိုးအခန်းထဲလိုက်ဝင်နေမလို့ကို အဖေကတော့လုပ်ပြီ...။

" လာ Namjoon... ငါ Yikyung နဲ့ ဖုန်းပြောထား
   တယ်... ခဏနေ ပွဲစားသူဌေးတို့ဆီ သွားရအောင်..."

" ဗျာ..."

" မြန်မြန် စီစဉ်မလားလို့...မင်း အဆင်မပြေရင်လည်း"

" အာ...မဟုတ်ဘူး... ကျွန်တော်လဲ ဘာကစ စီစဉ်ရ
   မှန်းမသိလို့.."

ဟုတ်တယ်လေ... ပထမတစ်ကြိမ်တုန်းက အဖေတို့အကုန်ပြင်ဆင်ထားတဲ့ပွဲမှာ Namjoon က ဝင်ထိုင်လိုက်ရုံ...။

" မင်း အမေဘာမှကူမှာမဟုတ်ဘူး... အဲတော့ အရင်
   လို အချောင်ခိုလို့ရမယ်မထင်နဲ့... ပွဲစားကြီးတို့
   အဆင်ပြေမယ့် အတိုင်းအတာကိုပဲသွားနော်...
   Hoseok လေးကို စောင့်ရှောက်ပေးထားတာပဲ
   ကျေးဇူးကြီးနေပြီ... နေပါဦး... ဒီမင်္ဂလာပွဲက လုပ်
   ရမှာလား..မလုပ်ရဘူးလား... မင်းကဘာမှကို ဝင်မ
   မပြောဘူး..."

" လုပ်မှာလေ... အဖေစီစဉ်သမျှ ကျွန်တော်ကိုယ်တိုင်
   လိုက်လုပ်မှာပါဆို..."

" အေး ပြီးရော... လုပ်စရာတွေလက်စသတ်ထား... ၅ခွဲ
  လောက် သွားကြမယ်... မင်း ကား ရုံးမှာထားခဲ့လိုက် "

" ဟုတ်..."

ပါးချိုင့်တွေပေါ်အောင်ပြုံးနေမိသည်ထင်... သေချာတာတော့ လူကလေထဲမြောက်နေခဲ့သည်။
..........................................
" သူဌေးကတော် Hoseok လေးကိုသဘောမကျလို့
   ကျွန်တော်တို့က စိတ်ပူတာပါ... သူက တစ်ယောက်
   တည်းပေမဲ့ ကျွန်တော်တို့ အတူမိသားစုလိုရှိပေးခဲ့
   တာဆိုတော့... "

" ဟုတ်... အဲ့ဒါတော့စိတ်မပူနဲ့... ကျွန်တော်တို့
   ၃ယောက်စလုံး Hoseok လေးကိုကာကွယ်ပေး
   မှာပါ... နောက်ပြီး မြေးလေးလဲရှိတော့ အဆင်ပြေ
   လာပါလိမ့်မယ်... "

Have been fall in love ( Completed )Where stories live. Discover now