Ep - 28

805 31 0
                                    


လခွမ်း....လူကြားလို့မှမကောင်း ဆရာဝန်တွေဖြစ်ပြီး အစာအဆိပ့်သင့်နေတယ်တဲ့...။ လူနာတွေကြည့်ရင်း ဗိုက်ကလေးနှိပ်ပြီး ရှုံ့မဲ့နေတဲ့မျက်နှာနဲ့။ အင်ပါယာကတော့​ ဘာမှမဖြစ်ဘူးထင်ပ့.... မိုးလင်းကတည်းက မှိုရတဲ့မျက်နှာနဲ့ ရွှင်မြူးနေချက်။ စောက်ခွက်ကိုသုံးလေးချက်လောက်ပိတ်ထိုးချင်စရာကောင်းအောင်လဲ​ ခဏခဏရှေ့လာပြီး မျက်ခွက်ပြောင်နေသေး။

"ကောင်းကြီး.....​ခုတင်​ နံပါတ်​ 28​ ကလူနာကိုတစ်ချက်ကြည့်ပေး​ ငါဂျူတီ out ပြီ ဘိုင့်ဘိုင်..."

ဘာမှတောင်ပြန်ပြောချိန်မရ ကိုယ်တော်ချောကလှစ်ခနဲပျောက်သွားတာ မြန်ချက်။ သူ့မိန်းမကြောင့် အစာအဆိပ်သင့်နေတာကို​ အားမနာတဲ့အပြင် သူ့လူနာပါကြည့်ပေးရမယ့်အဖြစ်။

..........................................................................

ဘာမှန်းတော့သေချာမသိပေမယ့် ချစ်ဇနီးချောက​ ဂျူတီထွက်တာနဲ့မြန်မြန်ပြန်ခဲ့ဖို့မိန့်ကြားလိုက်တာကြောင့် မလွန်ဆန်ရဲပဲ​ အိမ်ကိုသုတ်ခြေတင်ပြန်လာရတဲ့အဖြစ်...။

အိမ်ထဲ၀င်လိုက်တာနဲ့ ဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်နေတဲ့ချစ်ဇနီး...။

ကျွန်တော်ပြန်လာတာကိုသတိမထားမိလောက်တဲ့အထိ ဘာတွေအတွေးလွန်နေတာပါလိမ့်....။

"သဲ....သဲ"

တော်တော်နဲ့လှည့်မကြည့် ပုခုံးကိုသိုင်းဖက်လိုက်မှ လှည့်ကြည့်ပြီး

"ကိုကို ပြန်ရောက်လာပြီလား"

ရော...လူကိုမြင်ရက်နဲ့ပြန်ရောက်လာပြီလားဆိုတော့ ဘယ်လိုဖြေရမလဲ?

"အရေးတကြီးပြောစရာရှိတယ်ဆို...ဘာလဲပြောလေ ကိုကိုသိချင်လှပြီ"

နှုတ်ခမ်းလေးတွန့်ရုံပြုံးပြပြီး

"သဲ...နှစ်ရက်လောက် ကိုကြီးဆီခဏသွားနေမယ်"

လေယာဉ်စီးရမှာကြောက်တဲ့သူက လေယာဉ်နဲ့ စင်ကာပူသွားမလို့တဲ့...။ အံ့ဩမိပေမယ့် သဲက အဟုန်ကိုသတိရလို့နေမှာပါ ။ ဟုတ်တော့လဲဟုတ်ပါတယ်လေ တစ်လောကလုံးမှာ မောင်နှမနှစ်ယောက်တည်းရှိတာကို တစ်ယောက်နဲ့တစ်ယောက်ကရေခြားမြေခြား...။ တစ်နှစ်မှာတစ်ခါတောင်တွေ့ခဲတဲ့သွေးရင်းတွေ။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now