Ep-11

802 35 1
                                    

!Unicode!

'ကျစ်'

သတိုးကိုစာပြနေရင်း ဇက်ကြောတွေတက်နေတာကြောင့် လက်နောက်ပြန်နှိပ်နေရင်းညည်းမိသည်။

"အစ်ကို​ နေမကောင်းဘူးလား"

"ဟင်... မဟုတ်ပါဘူး​ ဇက်ကြောနည်းနည်းတက်နေလို့"

"အ့ဆို ကျွန်တော်​နှိပ်ပေးရမလား"

"ရပါတယ်ကွာ စာပဲလုပ်"

"မတည့်တာတွေစားမိလို့လား"

"မိနှိုင်းကောင်းမှုကြောင့် တစ်အိမ်လုံးကံကောင်းလို့မသေ"

"အမနှိုင်းလား ဘာလို့လဲ"

မျက်လုံးလေးဝိုင်းပြီး စိတ်ဝင်တစားမေးနေတဲ့ကောင်လေးကို ငဲ့ကြည့်ပြီး

"ဘာလဲ... မင်း​ နှိုင်းကိုကြိုက်နေတာလား"

"​အယ်... မဟုတ်ပါဘူး"

ဟုတ်တယ်။ ဒီကလေး နှိုင်းအကြောင်းစလိုက်ရင်ခေါင်းထောင်လာပြီး စိတ်ဝင်တစားပြန်ပြန်မေးတာ ခဏခဏ။

"​အိမ်မှာနှစ်ရက်လောက်လာနေပြီး ဟင်းတွေချက်ကြွေးသွားတာ မနည်းတောင်းပန်ပြီးပြန်လွှတ်လိုက်ရတယ် သူချက်ကျွေးတာတွေထပ်စားရင် တစ်အိမ်လုံးကြွကုန်တော့မှာ"

"😅😅"

" ငံပြာရည်တွေတစ်ဗူးလုံးသွန်ထည့်သလားအောက်မေ့ရတယ် ဟင်းတိုင်းငံပြာရည်တွေအိုင်လို့.... ဒါနဲ့မင်းတို့စာမေးပွဲနီးပြီနော်"

"ဟုတ်​ အစ်ကို"

"​အေးအေး... ကြိုးစား.... နောက်နေ့ကော်ဖီဆိုင်မသွားတော့နဲ့ စာမေးပွဲဖြေပြီးမှဆက်လုပ်"

"​ဗျာ"

"​နှိုင်းကသူဆိုင်ရှင်ကိုပြောလိုက်မယ်ပြောတယ် မင်းစိတ်ပူမနေနဲ့"

........................................

ညနေကျောင်းဆင်းချိန် ခါတိုင်းနဲ့မတူဘဲ ကျောင်းပေါက်မှာ ကောင်မလေးတွေအုံတိုးနေတာကြောင့် စပ်စုပြီး လူကြားထဲကဲကြည့်လိုက်တယ်။

အမယ်... ကားခေါင်းပေါ်​စတိုင်အပြည့်နဲ့ထိုင်နေတဲ့ ကျွန်တော်ချစ်သော ဇိမ်းဧကရာဇ်ပါပဲ။ သူကဘယ်လိုလုပ်​ဒီရောက်။ အတွေးဖြင့်မဆုံးသေး ကားတံခါးဖွင့်ပြီးထွက်လာတဲ့ တုမနှိုင်း။

ဆုံစည်းခွင့်လေး (Completed)Tempat cerita menjadi hidup. Temukan sekarang