Ep-21

708 25 4
                                    

"ဘယ်လိုလဲအစ်ကို.... မမနှိုင်းကိုခေါ်သွားပြီးပြီလား"

ကော်ဖီဆိုင်ထဲ ရုပ်တည်ကြီးနဲ့ဝင်လာတဲ့ဧကရာဇ်ကိုမေးလိုက်ခြင်း။

ဧကရာဇ်​ဝင်လာပါပြီဆိုကတည်းက ဆိုင်ထဲရှိသမျှမျက်လုံးတွေကသူ့ဆီမှာ။ ဟုတ်တယ်​ အစ်ကိုက တစ်ခြားသူတွေလည်ပြန်ငေးရတဲ့အထိတောက်ပလွန်းတယ်။

"အင်း...ဒီညနေခေါ်သွားမလို့ မင်းကောလိုက်ဦးမလား"

"​မလိုက်တော့ပါဘူး အစ်ကိုရာ ကျွန်တော်အိမ်ပြန်မှဖြစ်မှာ အမေနေမကောင်းလို့"

"ဟင်... အန်တီနေမကောင်းဘူးဟုတ်လား ဆေးရုံကောသွားပြပြီးပြီလား"

"မပြရသေးဘူးအစ်ကို ဒီညနေသွားပြမလားလို့"

"သွားပြမလားလို့လုပ်မနေနဲ့သွားကိုသွားရမှာ​ မင်းပြီးတဲ့အထိစောင့်နေမယ် အန်တီ့ကိုဆေးရုံခေါ်သွားတာပေါ့"

ကော်ဖီခွက်လေးကိုင်ပြီးပြောနေတဲ့ပုံကတည်တည်ငြိမ်ငြိမ်ပါပဲ။

"​အာ.... မမနှိုင်းနဲ့သွားစရာရှိတာပဲသွားပါ​ဗျ"

"​စကားမများနဲ့ သွားမယ်.... လာ... "

တွန့်ဆုတ်တွန့်ဆုတ်နဲ့ပါလာတဲ့ကောင်လေး.... ။ သာမန်အားဖြင့်တော့ ကျွန်တော်ကနှိုင်းကလွဲလို့ဘယ်သူ့ကိုမှဂရုမစိုက်တတ်တဲ့သူမျိုး။ ဒီကောင်လေးကတော့ချွင်းချက်ပေါ့။ ဘာလို့မှန်းမသိ မိန်းမဆန်တဲ့နှုတ်ခမ်းရဲရဲလေးနဲ့ ကော့ညွတ်နေတဲ့မျက်တောင်အောက်ကမျက်ဝန်းတစ်စုံကိုတော့ ထူးထူးခြားခြားသဘောကျနေမိတယ်။

နှုတ်ခမ်းလေးထော်ပြီးပြောလိုက်ရင် ဆွဲနမ်းပစ်ချင်တာခဏခဏ။ ယောက်ျားတစ်ယောက်ဆိုတဲ့အသိက တားဆီးနေလို့သာ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကိုသဘောကျမိနေပြီထင်တယ်။

ဘယ်ချိန်ကစပြီးသဘောကျမိမှန်းမသိပေမယ့် ခုတော့ကျွန်တော် အနှီကောင်လေးကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။ နှိုင်းတုန်းကလို​ ကျွန်တော်​နောက်ကျမကျန်ခဲ့ချင်ဘူး။

....................................

"ကောင်းစစ်ရေ.... ငါ့လူနာကိုတစ်ချက်ကြည့်ပေးပါဟ ငါအလျင်လိုနေလို့"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now