Ep-27

747 31 2
                                    


"သတိုး..."

အနားနားကနေညင်သာစွာခေါ်လိုက်တဲ့အသံကြောင့် ရင်ထဲဒိုင်းခနဲဖြစ်သွားပေမယ့် မျက်နှာလေးအနည်းငယ်သာစောင်းငဲ့ကြည့်ပြီး ဖန်ခွက်တွေကိုသာရေခြောက်အောင်ဆက်သုတ်နေလိုက်သည်။

လျစ်လျူမရှုရဲပါဘူး အကိုရေ...။ ဒါပေမယ့်​ ကျွန်တော်​ လျစ်လျူရှု​ရမှဖြစ်မယ်။ အကို့အတွက်ပါ...။ ကျွန်တော်နဲ့အကိုရဲ့ဖြစ်တည်မှုက ပြဒါးတစ်လမ်း​ သံတစ်လမ်းပါအကိုရယ်။ အနာမရင့်ခင်ဆေးလိမ်းတယ်လို့သဘောထားပြီး ကျွန်တော်တို့ နောက်ဆုတ်လိုက်ရအောင်။

အတွေးတွေထဲ မျက်ရည်လေးတစ်ဝဲလည်လည်နဲ့ ဆိုင်နောက်ဘေးကိုသာပြေးထွက်လာလိုက်တယ်။ ကျွန်တော်ရင်မဆိုင်ရဲဘူးအကို...။

ထွက်ပြေး​နေတာ​ သူရဲဘောကြောင်သလိုဖြစ်နေပေမယ့် ကျွန်တော့်ကြောင့်ဆိုပြီးတော့တော့ အကို့တက်လမ်းကို အပိတ်မခံနိုင်ဘူး။ အရာအားလုံးကအကို့အတွက်စဥ်းစားပြီးမှ​ ဆုံးဖြတ်ချက်ချထားတာကြည့်ပါအကိုရေ... ရင်နာနာနဲ့ပဲ တိတ်တဆိတ်တောင်းပန်ရင်း....။

..........................................

ဝေးကြပြီပေါ့ကွာ....။

မင်းဘက်ကပြတ်သားနေပေမယ့် ကိုကတော့ လက်လျှော့မှာမဟုတ်ဘူး ညီရေ...။ မင်းဘာ့ကြောင့်ငြင်းလဲဆိုတာ ကိုလဲသိသင့်သလောက်တော့သိပါတယ်...။ နောက်သုံးနှစ်နေရင်ပြန်လာမှာမလို့​ ခုတော့​ နှုတ်ဆက်ရုံပေါ့...။ စောင့်နေပေးမယ်လို့ ကိုမျှော်လင့်ပါတယ်ကွာ....။

လေဆိပ်မှာ လည်တရှည်ရှည်နဲ့ သွားမယ့်ခရီးကိုကစိတ်မပါ။ လေဆိပ်ထဲ လေယာဥ်မယ်လေးရဲ့ချိုသာတဲ့အသံလေးကိုလဲ နားမထောင်အား...။

"တယ်... ငါထုလိုက်ရ မိဇိမ်းရယ် လေယာဥ်ပေါ်တက်ရတော့မယ်လေဟယ် စိတ်ကဘယ်ရောက်နေလဲ ပဲခင်းထဲလား ဟုတ်လား"​

"ပဲခင်းထဲတော့မဟုတ်ဘူးဟေ့ သတိုးဆီရောက်နေတာဟဲ့ ကောင်မရဲ့"​

ခေါင်းကိုလာထုပြီး ပွားနေတဲ့ နှိုင်းကို ခါးထောက်ပြီး တမင်အခြောက်သံနဲ့ပြောခဲ့ကာ  လျှာထုတ်ပြပြီး အပြေးသွားခဲ့ရတဲ့အဖြစ်။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now