အိပ်ယာကနိုးတော့ အခန်းထဲဘယ်သူမှမရှိ...။ ဘေးကစားပွဲပေါ်ကစာရွက်လေးကိုကောက်ကြည့်တော့...
"ကိုကို့လူနာနဲ့ချိန်းပြီးသားမလို့ ခဏသွားတွေ့တယ်နော် နိုးရင်ကိုကို့ရုံးခန်းဆီလာခဲ့နော်❤️✨"
အခန်းထဲကထွက်ပြီး ကော်ရစ်ဒါမှာလမ်းလျှောက်နေတုန်း...
"မမ...မမ"
နောက်ကထွက်လာပေါ်လာတဲ့အသံချိုချိုလေး...။ အသံလေးကစွဲဆောင်မှုရှိလိုက်တာဟယ်...။ ဘယ်သူခေါ်နေတာပါလိမ့်... ။ သိချင်စိတ်နဲ့လှည့်ကြည့်လိုက်ပေမယ့် ကိုယ့်ဆီအပြုံးလေးနဲ့ပြေးလာတဲ့ကောင်လေးက အသံပိုင်ရှင်ပေါ့...။ ဟဲ့ဟဲ့... ဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာလဲ။
"မမ ကျွန်တော့်ကိုမှတ်မိလား"
ရုတ်တရက်မေးလာတဲ့ကောင်လေးကိုကြောင်အအကြည့်ရင်း...
"ထားပါ... ကျွန်တော့်နာမည်ကအဆောင်တော်... ကျွန်တော့်ကိုကိုမွေးနေတုန်းကတစ်ခါဆုံဖူးတယ်လေ မေ့သွားပြီပေါ့"
"အာ... sorry... မှတ်မိပြီ"
ရယ်ရယ်မောမောစကားပြောနေကြတာ တကယ့်ငယ်ပေါင်းကြီးဖော်တွေအတိုင်း....
"အဟင်း... ဒီကောင်ကတော့ အသက်မရှင်ချင်တော့ဘူးထင်တယ်"
ရုံးခန်းထဲကထွက်လာလာချင်းမြင်လိုက်ရတဲ့မြင်ကွင်းက စိတ်ထဲမဖော်ပြတတ်တဲ့ဝေဒနာကဘာပါလိမ့်။
ဘေးကလူနာကိုနှုတ်ဆက်ပြီး ထိုလူသားနှစ်ယောက်ဆီသို့....
"မင်းကဒီကိုဘာလာလုပ်တာလဲ"
အသံမာမာနဲ့ဆီးကြိုတဲ့သူဆီပြေးပြီးလက်ကိုတွဲကာ...
" ကိုကို့ဆီလာလည်တာလေ... မမနဲ့ကမထင်မှတ်ပဲဆုံတာ"
"သူကဇိမ်းအင်ပါယာအမျိုးသမီးနော်"
"အင်း... ကျွန်တော်သိတယ်လေ"
"ဪ"
မချိုမချဥ်မျက်နှာဘေးဖြစ်နေတဲ့ သုတကိုကြည့်ကာ
"အဟင်း...ဒီနားကတစ်ယောက်ယောက်ဆီကအချဥ်နံ့တွေရနေတယ် ကဲကဲ ကိုကိုနဲ့တွေ့ဖို့မစောင့်နိုင်တော့ဘူး ဘိုင့်ဘိုင်"