!Unicode!အိမ်ပြန်တဲ့လမ်းမှာလဲ တစ်လမ်းလုံး အောင်နိုင်သူအပြုံးကြီးနဲ့။ သူများကိုဂဲနဲ့ထုခဲ့တာကို ဂုဏ်ဆာနေလေရဲ့။
"ဟိုကောင်လေးကဘယ်သူလဲ"
သူတို့အုတ်အုတ်ကျက်ကျက်ဖြစ်နေလို့ရောက်သွားကတည်းက ဒူးနှစ်ဖက်ပိုက်ကာတုန်နေတဲ့ကောင်လေးကိုသတိထားမိသည်။
"ဪ.... သူလား.... ဟိန်းသူဦးတဲ့ ဒီနှစ်မှကျောင်းပြောင်းလာတာ ချစ်စရာလေးမလား အဟီး"
"ဘာလဲ အင်ပါယာမဟုတ်တော့ပဲ အကြိုက်ပြောင်းသွားပြန်ပြီလား"
"အယ်.... မပြောင်းပါဘူးနော်.... ကိုကိုအင်ပါယာကနှလုံးသားထဲမှာ ဟိန်းသူကိုဒီတိုင်းချစ်တာ"
"ဧကရာဇ်ကိုကော"
"သူကလူဆိုး... လူမြင်ရင်အော်ဖို့ပဲ ချစ်ပါဘူး"
"အင်းပါ.... ဟုတ်ပါပြီ နောက်ဆိုသူများတွေကိုရန်သွားမစနဲ့နော် အင်ပါယာက ဆိုးတဲ့ကလေးတွေဆိုမချစ်ဘူးတဲ့"
"ဒါဆို အဆိုးလေးဆိုပြီး လာချစ်တဲ့ ကိုကိုဉာဏ်သုတကိုရွေးလိုက်မယ်"
"အယ်.... သုတတော့စိတ်မကောင်းဖြစ်နေတော့မှာပဲ"
"ကိုကြီးနော်... ညီမလေးက တစ်ကယ်လဲမဆိုးပဲနဲ့"
"ဟုတ်ပါပြီ မဆိုးပါဘူး နှုတ်ခမ်းကြီးမထော်ထားနဲ့ လှလဲမလှဘူး"
"အဲ.... ဒီနေ့ကျောင်းမှဖြစ်ခဲ့တဲ့ ကိစ္စကိုကိုအင်ပါယာကိုသွားမပြောနဲ့နော် အဲ့ဒီဟိန်းသူဦးဆိုတာကအခြောက်လေးသိလား အစောကဟာတွေက အခြောက်ဆိုပြီး ဝိုင်းအနိုင်ကျင့်နေကျတာ မနေနိုင်လို့ ဂဲနဲ့သွားထုတာ"
"ဟိုကအဖွဲ့လိုက်ကြီး ပြန်လုပ်ရင်ဘယ်လိုလုပ်မလဲ"
"ကိုကြီးရောက်လာမယ်ဆိုတာသိလို့လေ"
"တကယ်ပါပဲ.... အဖိုးကတော့ခေါင်းကြိမ်းနေပြီ ယောက်ျားလေးနဲ့မိန်းခလေးလွဲမွေးလာတယ်ဆိုပြီး"
"ဟင့်....ဘဘကြီးကအမြဲဒီလိုပဲ ကိုယ့်မြေးကိုယ်တောင် ရုံးခန်းထဲခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်"