!Unicode!ဆေးရုံထဲအချဥ်ပေါင်းထုတ်တွေဆွဲရင်း ကောင်တာရှေ့ချပေးကာ
"ဆရာမလေးတို့အတွက်"
ကောင်တာက nurse မလေးတွေကမျက်လုံးပြူးကာ
"ကျွန်မတို့အတွက်"
"nae...."
Nae ကိုသံရှည်ဆွဲကာပြောရင်း နောက်ကရောက်လာတဲ့ ကိုကို့ဘက်လှည့်ကာ
"ကိုကို ဂျူတီပြီးပြီလား"
"ပြီးပြီ... သွားကြစို့"
ပုခုံးလေးဖက်က အပြင်ကိုခေါ်လာရင်း ကားပေါ်ရောက်မှ
"သဲ.... အချဥ်ပေါင်းတွေကဘာလုပ်တာလဲ"
"လမ်းမှာတွေ့လို့ဝယ်လာတာလေ"
"တစ်ဆိုင်လုံး မ လာတာလား"
"ဆိုပါတော့😅"
နှဖူးလေးကိုလက်လေးနဲ့တောက်ရင်း
"တကယ့်ကလေးဆိုးလေး...ကဲ...သဲ ဘယ်သွားချင်လဲပြော"
"ရုပ်ရှင်သွားကြည့်ကြမလား"
"သွားကြတာပေါ့"
ရုပ်ရှင်ရုံဘက် လမ်းကြောင်းပြောင်းရင်း အနီးနားက market ထဲဝင်ကာ မုန့်အချို့ဝယ်လာသည် ရုပ်ရှင်ရုံရောက်မှဝယ်ရင် လူကြားထဲတိုးနေရဦးမှာ...သဲက လူရှုပ်ရင်မကြိုက် ကျွန်တော်လည်းထိုနည်းတူပင်.... လက်မှတ်ဖုန်းဆက်ပြီးကြိုဖြတ်လိုက်တော့ အဆင်ပြေသည်
ရုပ်ရှင်ရုံထဲရောက်တော့ ရုပ်ရှင်ကစနေပေပြီ
သဲကတော့ ရုပ်ရှင်ကြည့်ဖို့လာတာလား အစားစားဖို့လာတာလား မသဲကွဲ မုန့်ထုပ်တွေသာတစ်ထုပ်ပြီးတစ်ထုပ်ဖောက်စားနေသည် ခဏနေမှ အစားစားတာကိုရပ်ပြီး ကျွန်တော့်ဘက်လှည့်ကာ"ကိုကို..."
"ဗျ"
"ကိုကို..."
"ပြောလေ သဲရဲ့"
"သဲကိုကြည့်"
"အင်းကြည့်ပြီ"
"အတွဲတွေက ရုပ်ရှင်ကြည့်ရင်ဘာလုပ်ကြတာလဲဟင်"
စောင်ကျိုးနည်း ဒီကလေးမဘာတွေလာမေးနေတာပါလိမ့်