!Unicode!
ဒဏ်ရာက တဆစ်ဆစ်ကိုက်ခဲနေတာကြောင့် ကောင်းကောင်းအိပ်မပျော် လှုပ်လဲမလှုပ်ရဲ။
မတော်တဆ ကိုကိုနိုးသွားရင် ပွားတာခံရဦးမည်။ ဘာ့ကြောင့်ဆိုတာလဲ မရှင်းပြချင်။ ထင်ချင်သလိုထင်ပြီး တိတ်တဆိတ်နေလိုက်ပါတော့။
ခေါင်းကိုလက်နဲ့ဖိထားပြီး 'ကျစ်' ခုမှခေါင်းကထိုးကိုက်နေပြန်ပြီ။ ဘောပဲကွာ။ အဖျားကြောင့်ကော ဒဏ်ရာတွေကြောင့်ကော စိတ်တွေရှုပ်ထွေးပြီး ဘာမှမဟုတ်ဘဲ တစ်ယောက်ထဲဒေါသတွေထွက်နေပြန်သည်။
ဘောလိုပဲ ဒီခွေးစိတ်နဲ့တော့ အသက်ရှည်မှာမဟုတ်။ ဒေါသထွက်ရင် ခွေးစိတ်ကထလာရော။ ဘယ်လိုမှထိန်းလို့မရတာ။
ဒေါသထွက်ထွက်နဲ့ လက်က အပ်ကိုဆွဲဖြုတ်ပြီးအနီးနားက ထပ်ထည်ကိုကောက်ဝတ်ကာထွက်လာလိုက်တယ်။ အိပ်ကပ်ထဲလက်ထည့်လိုက်တော့ လိပ်စာကဒ်လေးတစ်ခု။ ထုတ်ကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။
ညဥ့်နက်နေပေမယ့် ဆေးရုံဆိုတော့ နေ့ဘက်လိုပဲ သွားလာနေကြတာများ။ ဆေးရုံအပြင်ဘက်ထွက်လာပြီး ရပ်ထားတဲ့ Taxi ထဲဝင်ထိုင်ကာ လိပ်စာလေးတစ်ခုရွတ်လိုက်တယ်။
လိုရာရောက်တော့ ကားခရှင်းပြီး အဆောက်ဦးတစ်ခုရှေ့အချိန်တော်ကြာရပ်ပြီး စဥ်းစားနေပြန်တယ်။ ပြီးမှ တစ်လှမ်းချင်းလှမ်းဝင်သွားပြီး barmaid ရှေ့ဝင်ထိုင်လိုက်တယ်။
"ဘယ်ဆိုးလို့လဲ တိတ်ဆိတ်သားပဲ"
အရက်စပ်နေရင်း မျက်လုံးလှန်ကြည့်ကာ
"မိစ္ဆာမလေး ဆေးရုံမှာရှိနေရမှာမဟုတ်ဘူးလား"
"အင်း ခိုးထွက်လာတာ"
B-52 shot ခွက်လေးတိုးပေးပြီး
"ဒါသောက်ပြီးပြန်တော့"
"ဒီနေ့ဘားမဖွင့်လောက်ဘူးထင်တာ"
"မှင်စာလေး ဒါမင်းလာရမယ့်နေရာမဟုတ်ဘူးနော်"
မသိကျိုးကျွန်ပြုကာ ချပေးတဲ့ခွက်လေးကို တစ်ကျိုက်ထဲမော့သောက်ရင်း
"မနက်ဆေးခန်းပြပြီး ဆေးသေချာလူးဦး ဟင်း ဒီနေရာကိုတော့တကယ်ခိုက်တယ် ဘိုင့်ဘိုင်"