Ep-12

773 31 0
                                    

!Unicode!

သတိုးတို့စာမေးပွဲကရက်ပိုင်းပဲလိုတော့တာကြောင့်​ သတိုးအချိန်ပိုင်းလုပ်တဲ့ ကော်ဖီဆိုင်မှာ​ စိတ်လိုလက်ရနဲ့ သတိုးမသိအောင်စားပွဲထိုးဝင်လုပ်နေလိုက်သည်။

အဆင့်အတန်းမြင့်မြင့်ကော်ဖီဘားဖြစ်တာကြောင့် ပါးစပ်သရမ်းတဲ့လူတွေမရှိ။ ခပ်ချောချောကောင်လေးတွေကတော့ ခဏခဏလာကြသည်။  ဘုရားဖူးရင်းလိပ်ဥတူးရင်းပေါ့။ ကုသိုလ်​လဲရ ဝမ်းလဲဝ အဟိ။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေဆဲ

"Black Coffee တစ်ခွက်"​

ရင်းနှီးတဲ့အသံကြောင့် နောက်လှည့်ပြီးပြုံးပြကာ

"ဟိုင်း.... တွေ့ပြန်ပြီ"​

"အင်.... အလုပ်တွေစုံလှချေလား"​

"ဒီလိုပဲပေါ့"​

"ဘယ်လိုလဲ​ အဆင်ကောပြေလား"​

"ပြေပါတယ် ပျော်စရာကြီး"​

"ဟင်... ပျော်တယ်"​

"အင်းလေ"

ရှေ့ကချာတိတ်ကိုနားမလည်နိုင်စွာကြည့်ပြီး ဘုန်းသွန်းခတစ်ယောက် ပြုံး၍ သာနေတော့သည်။ မေ့သွားတာပဲ ဒီချာတိတ်ကလူမှမဟုတ်တာ။

"​ကိုယ်သွားပြီ"

"​OK... see ya"

လက်ကလေးပြပြီး နှုတ်ဆက်ကျန်နေခဲ့တဲ့ကောင်မလေးက တကယ့်မိစ္ဆာ​မလေး။

..............................

တံခါးဖွင့်ပြီး အိမ်ထဲဝင်လာတော့ သတိုးက ထုံးစံအတိုင်းစာကျက်နေလေရဲ့။ ဇိမ်းကတော့ ဆိုဖာပေါ်ကားကားကြီးအိပ်ပျော်လို့။

ဆိုဖာနားကပ်ရပ်လိုက်ပြီး ဇိမ်းခြေထောက်ကိုခပ်ဆတ်ဆတ်လေးရိုက်လိုက်တယ်။

"ဟဲ့.... ထစမ်း... ကလေးကတော့စာတွေကျက်လို့ ဆရာကပစ်ထားပြီးပြဲကားနေအောင်အိပ်နေလိုက်"

"အာ.... မိနှိုင်းရာ ငါခုမှအိပ်တာပါဟ ခဏလေးအိပ်ချင်လို့"​

"ထ... ထ.... ငါညစာဝယ်လာတယ် အချိန်မှန်စားကြနော် ငါကိုကို့ဆီသွားတော့မယ် သတိုး အစ်မသွားပြီ နောက်မှတွေ့မယ် ဘိုင်"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now