Ep-24

655 28 0
                                    


နောက်ဆုံးအနေနဲ့ သီတာ​မဇ္ဈူကိုကြည့်ပါရစေလို့တောင်းဆိုလာတဲ့ ကောင်မလေး။ ဆေးရုံထဲမှာတော့အုပ်အုပ်ကျက်ကျက်ဖြစ်လို့။ သီတာ​မဇ္ဈူဆိုတာ နာမည်ရနေတဲ့ travel blogger တစ်ယောက်။

တိတ်တဆိတ်ပဲကျင်းပဖို့စီစဥ်ထားတဲ့စျာပနပွဲက စည်ကားပြီး ငိုသံတွေညံစီလို့။ အသက်နှစ်ဆယ်ပဲရှိသေးတဲ့ အကြွေစောလွန်းတဲ့နတ်မိမယ်လေး။

"သဲ... အရင်ဆုံး စိတ်ခိုင်ခိုင်ထားမယ်လို့ကို့ကိုကတိပေး"

မျက်ရည်တွေနဲ့မော့ကြည့်လာတဲ့ကောင်မလေး။ စကားပြောရမှာပင်ကြောက်နေသလားအောက်မေ့ရအောင် ဘာတစ်ခွန်းမှမဟခဲ့။

"ကောင်းပြီလေ.... ကိုကိုလိုက်ပို့ပေးမယ်"

အလျင်အမြန်စီစဥ်လိုက်ရတာကြောင့် အရာအားလုံးမပြည့်စုံပေမယ့် အကောင်းဆုံးဖြစ်အောင်တော့စီစဥ်ထားသည်။ အလောင်းကိုအခေါင်းထဲမထည့်သေးပဲတစ်စုံတစ်ယောက်ကိုစောင့်နေဆဲ။

"နှိုင်း..."

နှိုင်းကိုမြင်တော့ ရှိုက်ကြီးတငင်ငိုပြီးပြေးဖက်လာတဲ့သူငယ်ချင်းတွေ။ နှိုင်းကရောဂါအခံလဲရှိပြီး စိတ်ပျော့တဲ့သူလဲဖြစ်တာကြောင့် အားလုံးအစိုးရိမ်ကြဆုံးကနှိုင်းကိုသာ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သီတာ့အလောင်းကိုမမြင်စေချင်။

"နှိုင်း... အချိန်ကနီးနေပြီ ငါတို့အပြင်ကပဲစောင့်ကြရအောင်"

သူမသူငယ်ချင်းတွေထဲကတစ်ယောက်ကဆွဲခေါ်ပေမယ့် မလှုပ်မယှက်ငူငူကြီးရပ်နေလေရဲ့။ ဘယ်သူဘာပြောပြောမကြားရလောက်အောင်ကို အတောင့်လိုက်ကြီးရပ်နေတော့ စိုးရိမ်လာကြသည်။  သူမစိုက်ကြည့်ရာဆီလိုက်ကြည့်တော့....။

လေမတိုက်ပဲ ပိတ်ဖြူလေးကလန်ပြီး မျက်နှာလေးသာပေါ်နေတဲ့ သီတာ​မဇ္ဈူ.... ။ သူမမြင်သွားတဲ့အပိုင်းက ရစရာမရှိအောင်ပျက်စီးနေတဲ့မျက်နှာတစ်ခြမ်း။ အလျင်အမြန်ပြန်အုပ်လိုက်ပေမယ့် အတောင့်လိုက်ကြီး တရွေ့ရွေ့လျှောက်လာတဲ့ တုမနှိုင်း။ အနားရောက်ရောက်ချင်း အုပ်ထားတဲ့ပိတ်ဖြူကိုဆွဲလှန်လိုက်တာကြောင့်​ မည်သူမျှတားချိန်မရ။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now