Ep-03

1.6K 61 0
                                    


!Unicode!


အဆောင်ရှေ့အထုပ်တွေချပေးပြီး

"ဟဲ့...ငါပြန်တော့မယ်"

ပြန်တော့မယ်ဆိုမှ အဆောင်ရှင်အန်တီကြီးနဲ့ စကားပြောရင်းနောက်လှည့်ကြည့်လာသည်။

"အန်တီ​ သူ့ကို​သမီးအခန်းထဲထိအထုပ်တွေသယ်ခိုင်းလို့ရလား သမီးတစ်ယောက်တည်းမနိုင်လို့"

"ရပါတယ်​ သမီးရဲ့ လိုတာပြောနော်"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်"

အဆောင်ရှင်ကတော့အိမ်ထဲဝင်သွားပေပြီ

"နင့်ဟာကအဆောင်ပြောင်းတာလား အိမ်ပြောင်းတာလား ဘာတွေဒီလောက်များနေတာလဲ"

"လာ...သယ်စရာရှိတာသယ်"

ဟိုသယ်ဒီသယ်နဲ့ အလုပ်ရှုပ်နေတုန်း အဆောင်ထဲကမိန်းကလေးနှစ်ယောက်ပြေးထွက်လာကာ

"​အစ်ကို...ရရဲ့လား ညီမတို့သယ်ကူမယ်လေ"

သယ်ကူမယ်သာပြောနေတာ အကြည့်တွေကကျွန်တော့်ဆီကမခွာဘူး...ရေးမွှေးနံ့တွေကလည်းခေါင်းပါမူးတယ်

"နေ...နေ...ရတယ်...ဟိုတစ်ယောက်ကသူ့ပစ္စည်း​ ဘယ်သူမှထိတာမကြိုက်လို့"

"အာ...ဟုတ်ကဲ့"

မအီမသာမျက်နှာပေးနဲ့ပြောပြီးပြန်လှည့်သွားတဲ့နှစ်ယောက်ကို နှိုင်းလှည့်ကြည့်ကာ

" ဟဲ့...ဘာတဲ့လဲ"

"သယ်ကူမယ်လာပြောတာ"

"ဟယ်....ဟုတ်လား...ဘယ်လိုပြန်ပြောလိုက်လဲ"

"နင်က...နင့်​ပစ္စည်း​တခြားသူတွေထိတာမကြိုက်ဘူးလို့ပြောလိုက်တယ်"

"​ဘာ....မအေဘေး​ ငါကအပေါင်းသင်းလိုချင်လို့ ဒီပြောင်းလာပါတယ်ဆို လူအရိုက်ခံရအောင်လုပ်နေတယ်"

"အမလေး အဲ့လိုဟာတွေနဲ့တော့ အပေါင်းသင်းမလုပ်နဲ့ဟဲ့ ရှပ်ပြာပြာတွေ အဲ့လိုတွေကြည့်မရဘူး"

"​အေးပါဟယ်...."

"နင့်အခန်းကကျယ်သားပဲ"

"နှစ်ဆပေးထားရတာလေဟယ်"

"ကျောင်းနဲ့လဲနီးတော့မဆိုးပါဘူး...နင့်ကားယူထားမှာမလား"

ဆုံစည်းခွင့်လေး (Completed)Opowieści tętniące życiem. Odkryj je teraz