Ep-17

700 31 2
                                    

*Unicode*

"မင်းမှာစောက်လုပ်မရှိဘူးလား"

ဖန်ခွက်တွေအဝတ်နဲ့သုတ်နေရင်း မိုးလင်းကတည်းက ဆိုင်ထဲလာထိုင်နေတဲ့ မာန်အဟုန်ကို ကောလိုက်ခြင်း။

"ရှိတာပေါ့ကွ.... ဒါပေမယ့်အရေးမကြီးပါဘူး"

"ဪ.... ဒီလိုစောက်ဖြစ်မရှိထိုင်နေတာကအရေးကြီးတယ်ပေါ့"

"သွန်းရာ.... ငါ့ကိုစကားကောင်းပြောစမ်းပါ ရောက်ကတည်းကန့်လန့်တိုက်နေတာ မင်းဘာဖြစ်နေတာလဲ"

ဟုတ်တယ်။ ရောက်ကတည်းက မျက်စောင်းတထိုးထိုးနဲ့ ကန့်လန့်ကြည့်တိိုက်နေတာ။ ဘာဖြစ်နေမှန်းမသိ။

"​မပြန်သေးဘူးလား"

"​မင်းကိုတွေ့ချင်လို့လာပါတယ်ဆိုကွာ ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား"

"​ပြော.... ဘာ​ကိစ္စ​ရှိလို့လဲ​"

" မင်းကိုလွမ်းလို့လေ"

"​ချီးဘဲ.... မင်းကြီးတော်ကြီးကိုလွမ်း မင်းပြန်တော့"

"သွန်း... မင်းငါ့ကိုခုထိနားမလည်နိုင်သေးဘူးလား စတွေ့ကတည်းကမင်းကိုငါဘယ်လိုသဘောထားလဲဆိုတာ မင်းအသိ"

"​အဟုန်ရာ.... အေးဆေးနေစမ်းပါ ပြဿနာမဖန်တီးချင်စမ်းပါနဲ့"

"​ဘာလို့လဲ.... ဘာလို့ငါတို့ကတွဲလို့မရတာလဲ.... မင်းလဲ​ငါ့ကိုသဘောကျတယ်မဟုတ်ဘူးလား"

"​မတူဘူးလေ.... ငါတို့တစ်ယောက်နဲ့တစ်ယောက်သဘောကျရုံလောက်နဲ့ တွဲလို့ရရအောင် ငါတို့ကသာမန်လူတွေလား အလကားနေရှုတ်ချချင်နေကြတဲ့ လူ့အသိုင်းဝိုင်းမှာ ငါတို့ကပိုတောင်မဖြစ်နိုင်သေး မင်းဆိုပိုဆိုး မသိတာလဲမဟုတ်ဘဲနဲ့ မရူးမိုက်ချင်စမ်းပါနဲ့ကွာ ဒီအတိုင်း​သူငယ်ချင်း​လိုနေတာက ငါတို့အတွက်အကောင်းဆုံးပဲ"

"​ဘာဖြစ်ဖြစ်ကွာ... ငါဂရုမစိုက်ဘူး မင်းငါနဲ့တွဲလာဖို့ အစွမ်းကုန်ကြိုးစားမှာ"

"​စောက်ရူးမထနဲ့အဟုန်.... အရင်ဆုံးထိခိုက်မှာက​မင်းလုပ်ငန်းတွေ ပြီးတော့​မင်းအရမ်းချစ်ပါတယ်ဆိုတဲ့ မင်းညီမလေး.... ငါတို့တွဲနေပါတယ်ဆိုပြီးပြောလိုက်ရင်​ ဘယ်လောက်စိတ်ထိခိုက်လိုက်မလဲ ဒါကလူအများစုလက်မခံနိုင်တဲ့ relationship တစ်ခု​ အဓိကကမိသားစုဝင်တွေ"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now