မနက်အစော လယ်ကန်သင်းတွေဘက်ထွက်ကာ လယ်ကန်စွန်းတွေကို ကြီးကြီးနဲ့အတူ လိုက်ခူးခြင်း။ လယ်ကွက်တွေကြား ဟိုတစ်ပင် ဒီတစ်ပင် ဟိုတစ်စုဒီတစ်စု အလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်တွေလိုက်ခူးရတာ ကျွန်တော့်အတွက် မမေ့နိုင်စရာ အမှတ်တရများထဲက တစ်ခု။
"ဟာ ကြီးမြနွယ် အစောကြီးပါလားဗျ"
"အေး သားရေ ခုကဘယ်တုန်းကွဲ့"
"နွားတွေသွားလှန်မလို့ကြီးကြီးရေ....အပြန်ကျွန်တော်လဲ ၀င်ခူးကူမယ်"
"မဟုတ်တာသားရယ် ဒီတိုင်းတောင်ပင်ပန်းနေတဲ့သူကို မခိုင်းရက်ပါဘူးတော်ရေ "
"မဟုတ်တာဗျာ ကဲ ကြီးကြီးရေ သွားပြီဗျို့"
"အေးအေး သား"
ကြီးကြီးကိုနှုတ်ဆက်ပြီး ထိုလူကထွက်သွားပေသည်။ ကြီးကြီးပြောတာတော့ ရွာထဲကအလုက်ကြမ်းမှန်သမျှ သူမလုပ်နိုင်တာမရှိဘူးတဲ့။ တယ်လဲ တော်တဲ့လူ။
"သားရေ ကြီးကြီးတို့လဲ ပြန်ကြစို့ ပြီးရင် အောက်ကျောထဲက ကြီးကြီးကိုရေခပ်ပေးပါဦး မျိုးမင်းလေးပြန်လာရင် ခပ်ပေးနေကျဆိုပေမယ့် အားနာလို့သားရယ်"
"ဟုတ်ကဲ့ပါဗျ ကြီးကြီးလဲ ခဏအနားယူပါဦး"
ကြီးကြီးနဲ့အတူ ရှေးဟောင်းနှေင်းဖြစ်တွေပြောရင်း အိမ်သို့ပြန်လာခဲ့သည်။ အများဆုံးက ကြီးကြီးပြောတာဖြစ်ပြီး ကျွန်တော်က နားထောင်ယုံသက်သက်။
××××××××××××××××××××××××××
"အဲ့တာ ဘရားသားကြောင့် သိရဲ့လား ဟင် သိလားလို့"
"ဟေ့ကောင် မင်း"
မနက်အစောကြီး အိမ်လာသောင်းကျန်းနေတဲ့ ဇိမ်းဧကရာဇ်ပါလေ။ မျက်ကွင်းညိုညို နှုတ်ခမ်းတို့ကခြောက်သွေ့အက်ကွဲနေကာ ခန္ဓာကထွက်နေတဲ့ အရက်နံ့တထောင်းထောင်းကြောင့် သူ့ပုံက မြင်ရက်ဖွယ်မရှိ။ သူ့အမေသာသိရင် ရင်ကျိုးမှာ။
ဘာလို့များ ဒီလောက်ထိ စုတ်ပြတ်နေအောင်များနေရလဲ ဇိမ်းရယ်...။ နင့်ကို ငါဘယ်လိုကူညီပေးရမလဲ။ အရင်တုန်းက ဇိမ်းဧကရာဇ်အဖြစ် ပြန်မြင်တွေ့ရဖို့ ငါဘာတွေလုပ်ရမလဲ။