ကျွန်တော်အဆင်မပြေဘူး...။ ဝမ်းနည်းမှု level ကအမြင့်ဆုံးမှာ...။ ခုမှအဆင်ပြေခါစဆက်ဆံရေးတစ်ခု...။ ဘယ်နည်းနဲ့မှလက်မလွှတ်နိုင်ဘူးဆိုပေမယ့် ကျွန်တော့်အကိုအကြောင်းကိုလည်း အသိဆုံးပင်... ။ ဘူးဆို ဖရုံမသီးတတ်တဲ့သူမျိုး... ။
ဒီလိုအချိန်မှာ နှိုင်းအကူညီလိုအပ်ပေမယ့် သူကလဲသူ့အပူနဲ့သူ။ ကျွန်တော့်ကြောင့်စိတ်သောကရောက်ရမှာလဲမလိုလား။ အရင်ကထက်စိတ်ဓာတ်ပိုကြံ့ခိုင်လာတယ်ထင်ရပေမယ့် စိတ်ပင်ပန်းနေတာသတိထားမိသည်။
ဘယ်လိုလုပ်ရတော့မလဲ...။ မေမေသိသွားရင်လဲ တစ်ပူပေါ်တစ်ပူဆင့် စိတ်ဒုက္ခပိုများရပေဦးမည်။ သတိုးကလဲ ဖုန်းမကိုင်တော့...။
တစ်ယောက်ထဲစိတ်သောကရောက်ရင်း တစ်ခွက်ပြီးတစ်ခွက်...။ မျက်နှာအမူရာက ကူကယ်ရာမဲ့နေတဲ့သူမျိုး...။ ဖန်ခွက်ထဲထည့်သောက်ရတာအားမရတော့ ပုလင်းလိုက်မော့ချလိုက်ရင်း...။
ယောက်ျားတန်မယ့်စီးကျလာတဲ့မျက်ရည်တွေကလဲတသွင်သွင်...။ ပန်းဆိုင်မှာပဲအိပ်တာမလို့ ဘယ်လောက်မူးမူးအဆင်ပြေသည်။ မနက်ထိအမူးမပြေတော့လဲ ဆိုင်ပိတ်လိုက်ရုံပေါ့...။
...........................................................
ကျွန်တော်ကြောက်တယ်...။ အကိုနဲ့ထပ်ဝေးရမှာကျွန်တော်ကြောက်တယ်...။ တစ်နေ့လုံးအတွေးများပြီး ဝင်လာတဲ့ ph call တွေကိုလဲသတိမမူမိတော့...။
အမေကတော့အရိပ်တကြည့်ကြည့်ရှိလှပေမယ့် အရင်ကလိုတော့ဘာမှမပြောရှာပေ။ ကျွန်တော်ဂေးဖြစ်နေတာကိုတောင် ဘာမှမပြောရှာပဲ ဝမ်းပမ်းတသာနဲ့လက်ခံပေးရှာသည်။ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် အားမငယ်ဖို့လဲအားပေးစကားပင်ပြောသေးသည်။
စိတ်ထဲနေလို့မကောင်း...။ လက်လွှတ်လိုက်ရင် နှစ်ယောက်လုံးအတွက်ကောင်းမယ်ထင်လို့ လက်လွှတ်ခဲ့ပြီးပြီ... ။ ထပ်ပြီး...။ ထပ်ပြီးလက်မလွှတ်နိုင်တော့...။
အတွေးတွေရှုပ်ထွေးရင်း မသိစိတ်ကညွှန်တဲ့အတိုင်း ခြေလှမ်းတို့ကအပြေးတစ်ပိုင်း.... ။ လမ်းထိပ်ကနေ Taxi တားရင်း စိတ်ထဲစွဲနေတဲ့လိပ်စာလေးဆီသို့...။