!Unicode!
ခါတိုင်းလိုပဲ ကျွန်တော်ခဏနားတဲ့အချိန် ဇိမ်းဧကရာဇ်ဆိုတဲ့ သူရောက်လာခဲ့တယ် တစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့ဗျာ သူသိပ်ချစ်ပါတယ်ဆိုတဲ့မိန်းကလေးလဲပါတယ်
"ဟယ်..."
စာအုပ်တွေစားပွဲရှေ့ချပြီး ကျွန်မတို့ကိုလှမ်းကြည့်နေတဲ့ကောင်လေးကိုကြည့်ကာ သွားဖြီးပြရင်း
"ဟ...ဘာဖြစ်တာလဲ...လန့်တာ"
"တွေ့ပြန်ပြီ....တွေ့ပြန်ပြီ ဟိုအချဥ်ပေါင်းသည်လေး"
"တွေ့မှာပေါ့ သူကဒီမှာအလုပ်လုပ်တာကို"
စကားဆုံးအောင်နားမထောင်ဘဲ သွက်သွက်ကြီးထိုကောင်လေးနားလျှောက်သွားကာ
"Hi....မောင်လေး....တွေ့ပြန်ပြီနော်"
"ဟုတ်...အစ်မ....ကော်ဖီလာသောက်တာလား"
"ဆိုပါတော့"
တစ်ယောက်နဲ့တစ်ယောက် တဟီးဟီးတဟားဟားနဲ့ စကားတွေပြောနေလိုက်ကြတာ ဘေးနားက ကျွန်တော့်ကို သတိတောင်ရမှာမဟုတ်
"ဟဲ့....လေဖုတ်တာတော်တော့ သတိုးကသူ့နားချိန်လေးပဲစာကြည့်ရတာ"
"အယ်....ဟုတ်လား....မောင်လေးခုဘယ်ဘာသာကြည့်နေတာလဲ"
"Chemistry အစ်မ"
"ဪ.....chapter 3 လား"
ရှေ့ကစာအုပ်တွေလှန်လောကြည့်ပြီး ဆရာမကြီးအထာနဲ့မေးမြန်းနေတဲ့ နှိုင်းကို ငေးမိပြန်သည်
"ဒီအခန်းဆိုဇိမ်းက ဆရာကြီး....ကျူရှင်မယူဘူးလား"
"ကျွန်တော့်အခြေနေနဲ့မယူနိုင်ပါဘူး အစ်မရယ်"
"ဒါဆို မင်း ဆရာတစ်ယောက်ရပြီလို့သတ်မှတ်လိုက်တော့"
"ဗျာ....အစ်မသင်ပေးမှာလား"
"no....no....no....ဇိမ်းသင်ပေးမှာ...."
"ငါက...."
ကိုယ့်ကိုကိုယ်လက်ညှိုးပြန်ထိုးကာမေးမိသည်
"နေပါစေ အစ်မရယ် ကျွန်တော့်မှာလဲအချိန်မရှိပါဘူး"
"ဘာလို့မရှိရမှာလဲ....ကော်ဖီဆိုင်မှာ မင်းနားတဲ့အချိန် စနေ တနင်္ဂနွေ မင်းအချဥ်ပေါင်းရောင်းတဲ့အချိန် ပြီးတော့ မင်းအလုပ်တွေပြီးလို ညဘက်လဲသင်လို့ရတာပဲ"