!Unicode!
"အစ်ကို.... မနက်ဖြန်ကျွန်တော်တို့စာမေးပွဲစဖြေပြီ"
"အေးကွာ.... နှိုင်းကမနက်ဖြန်အစားထိုးကုသမှုခံယူမှာ မင်းဘာမှစိတ်ထဲမထားနဲ့ စာကိုပဲအာရုံစိုက်ကြားလား နှိုင်းကအဆင်ပြေမှာပါ"
အဆင်ပြေတယ်သာပြောနေတာ အချိန်ပြည့်လိုငိုနေပြီးဘာမှလဲမစား။ သူများကိုသာမစိုးရိမ်ဖို့ပြောနေပေမယ့်သူကျတော့ အဆင်မပြေ။ တစ်ခါတစ်လေ ကယောင်ခြောက်ခြားတွေဖြစ်နေပြီး ဘာမှအာရုံမရ။
အစ်မနှိုင်းဆေးရုံစတက်ကတည်းက အစ်ကို့ကြည့်ရတာစိတ်နဲ့ကိုယ်မကပ်တဲ့အရူးလိုပဲ။ ဆေးရုံလိုက်မယ်ပြောတော့လဲ အိမ်မှာပဲနေပြီး စာပဲကျက်ခိုင်းနေသည်။ သူကတစ်ခါတစ်လေမှသွားပြီး အခန်းပဲအောင်းနေသည်။
အစ်မနှိုင်းခုလိုဖြစ်နေတာ မကြည့်ရက်ဘူးတဲ့။ အရင်ကမကြာခဏကြုံဖူးပေမယ့်ခုထိကျင့်သားမရသေးဘူးလို့လဲပြောပြန်တယ်။ ဒါဆိုအစ်မက ခဏခဏရောဂါဖောက်တတ်တယ်ဆိုတဲ့သဘော။
အစ်မကိုကြည့်ရတာ လူမမာနဲ့လဲမတူ။ ရောဂါရှိနေတယ်ဆိုတာပိုတောင်မဖြစ်နိုင်သေး။ တစ်ကယ့်လူကောင်းအတိုင်း။ ပထမဆုံး အမနှိုင်းအကြောင်းကြားတော့ ကိုယ့်နားကိုယ်ပင်မယုံနိုင်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ အမြဲလိုပြုံးရယ်နေတတ်ပြီး တစ်ခါတစ်လေရန်တောင်ဖြစ်လိုက်သေးသည်။
"အစ်ကို အစ်မရောဂါက မွေးရာပါလား"
"မဟုတ်ဘူး"
"ဒါဆို ဘယ်လို"
"ချာတိတ်.... မင်းစကားတအားများတာပဲ ကိုယ့်စာကိုယ်ကြည့် ညဥ့်နက်ထိလဲမကြည့်နဲ့ဦး မနက်စာမေးပွဲခန်းထဲအိပ်ပျော်နေဦးမယ်"
"ဟုတ် အစ်ကို"
"ငါအခန်းထဲသွားအိပ်တော့မယ့် နောက်ကျတဲ့ထိစာမကျက်နဲ့နော် စောစောအိပ်"
အခန်းထဲဝင်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီး
'အစ်ကိုရေ... ကျွန်တော်တို့ခွဲရမယ်ရက်ကလေးတွေကတစ်ဖြည်းဖြည်းနီးကပ်လို့လာပြီ။ ဝမ်းနည်းသလိုရှိပေမယ့် ဒီလောက်ထိအတူရှိနေခွင့်ရတာကိုပဲကျေးဇူးတင်ပါတယ်အစ်ကိုရေ....။ မဖြစ်နိုင်မှန်းသိပေမယ့် နောက်ကျောလေးကိုပဲ တိတ်တဆိတ်ငေးကြည့်နေရုံ။ လုံလောက်နေပါပြီ။'