သူမကိုသိတာပေါ့....အဆောင်မှာ ခေတ်ဆန်ပြီးရေပန်းစားတဲ့မိန်းကလေးပဲ...။ ပုံလေးရဲ့နောက်ကျောမှာရေးထားတာက "နန်းဒေစီ" တဲ့။ နာမည်ကအစခေတ်ဆန်လိုက်တာ....။
ဆက်ပြီး စာအိတ်ထဲပါလာတဲ့အရာတွေကိုကြည့်ရင်း ဖတ်ရင်းလက်တွေတုန်ပြီး လူကအခြေနေမဟန်တော့...။ "နန်းကြာညို" ဆိုတဲ့နာမည်နဲ့ပုံကမျက်လုံးထဲကွက်ကွက်ကွင်းကွင်း... ။
ခုတလောဘာဖြစ်နေတာလဲ...။ ဘယ်တော့မှမေ့မရခဲ့တဲ့မျက်နှာတွေကိုဆက်တိုက်ဆိုသလိုတွေ့မြင်နေရတာ တကယ်အဆင်မပြေတော့...။ ငါအဆင်ပြေပါတယ်ရေရွတ်ရင်း မျက်လုံးတို့ကိုမှိတ်ကာ လက်ဖဝါးအောက်မှာမျက်နှာလေးဖွက်ထားရင်း အချိန်အတန်ကြာငြိမ်နေမိသည်။
နောက်ဆုံး စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားကာ အိမ်ပြန်လမ်းဆီသို့...။ ဘယ်လောက်ထိစိတ်လွတ်နေသည်မသိ အိမ်ကျော်သွားလို့ back ပြန်ဆုတ်ရသေး...။
*******************************************
ရှေ့မှာလဲစာအိတ်ကြီးချလို့ ကွန်ပျူတာကလဲဖွင့်ရက်...။ လူကတော့ငြိမ်ချက်သားကောင်းကောင်းနဲ့ဘာအတွေးလွန်နေမှန်းမသိ...။ အခြေနေစောင့်ကြည့်သေးပေမယ့် မနေနိုင်ပဲ ရှေ့ကစာအိတ်ကိုဖွင့်ကြည့်ပြီး ငြိမ်နေတဲ့ကောင်မလေးကို သိုင်းဖက်ကာ...
"သဲ... အဆင်ပြေရဲ့လားဟင်"
"အင်း"
'အင်း' တစ်လုံးသာပြောပြီးတိတ်နေပြန်သည်။
"သဲ.... သူတို့ကြောင့်နဲ့ သဲကိုထပ်ပြီးစိတ်မဆင်းရဲစေချင်တော့ဘူး ကိုယ်ဘာလုပ်ပေးရမလဲ သဲပြောသမျှ ကိုကိုအကုန်လိုက်နာပေးမယ်"
မျက်ရည်တွေဝိုင်းနေပေမယ့် မျက်ဝန်းထဲကအပြုံးကိုတော့ထင်ထင်ရှားရှားမြင်လိုက်ရပါတယ်...။ ကျွန်တော့်စကားကို သူကျေနပ်ကြောင်းပြတာပေါ့...။
"knock knock..."
အသံမြည်လာတဲ့တံခါးကိုသွားဖွင့်ပေးပြီး တစ်ဆက်တည်း
"နှိုင်း အဆင်ပြေပါတယ်"
ခေါင်းသာငြိမ့်ပြပြီး "ငါမင်းတို့နဲ့ခဏလောက်စကားပြောချင်တယ်" ပြောပြီး လှည့်ထွက်သွားတဲ့ မာန်အဟုန်... ။