!Unicode!
ဧကရာဇ်တစ်ယောက်ရေမိုးချိုးကာ သီချင်းတအေးအေးနဲ့ အဝတ်လဲနေခိုက်
"ဧကရာဇ်... ဒီနေ့နှုိင်းဘယ်သွားမှာလဲ မင်းသိလား"
တနင်္ဂနွေနေ့ဖြစ်၍ နှိုင်းက အချဥ်ပေါင်းရောင်းမှာကြောင့် အင်ပါယာကို အပြင်သွားဖို့ငြင်းလိုက်တယ်ထင်ပါရဲ့
အမှန်တိုင်းပြောလို့ကလဲမဖြစ်သေး
"အဲ.... ဟိုလေ သေချာတော့မသိဘူး သူဒီနေ့ကောင်းတာတစ်ခုခုလုပ်မယ်လို့တော့ပြောတယ်"
"ငါ့လဲ အဲ့လိုပြောတာပဲ ဘာတွေလုပ်ဦးမလဲမသိဘူး"
သူ့ဘာသူငြီးတွားရင်း ဧကရာဇ်ဘက်ပြန်လှည့်ကာ
"မင်းကရော ဒါကဘယ်လဲ"
အဝတ်လဲနေတဲ့ဘက်လှည့်ပြီးအလိုမကျစွာမေးကာ အဖြေမစောင့်ဘဲ ပြန်ထွက်သွားသည်
"ရော... စော်ကမအားဘူးပြောတာနဲ့ရူးများသွားပြီလားမသိ"
တစ်ယောက်တည်းပြောပြီး တစ်ယောက်တည်းကိုယ့်စကားကိုပြန်သဘောတွေကျကာ ရယ်လိုက်ပြီး နှိုင်း ဘယ်သူမှမသိအောင်ဝယ်ထားတဲ့ ကွန်ဒိုကိုထွက်လာခဲ့သည်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"အစ်မ.... ဘယ်လိုကြီးဝတ်လာတာလဲ"
ကွန်ဒိုရှေ့ကားရပ်ကာ သတိုးကိုမြင်တော့ သူ့ဆီလျှောက်သွားရင်း
"ဒီကောင်လေးဘယ်သူနဲ့စကားပြောနေတာပါလိမ့်"
သတိုးတစ်ယောက်ကိုပဲမြင်ကာ တစ်ခြားတစ်ယောက်က သစ်ပင်နဲ့ကွယ်နေ၍ မမြင်ရ
အနားရောက်မှ
"ချာတိတ်....ဘယ်သူနဲ့စကားပြောနေတာလဲ"
မျက်စိရှေ့က စုတ်ချာချာအဝတ်နဲ့ နွမ်းဖတ်ဖတ်ဦးထုပ်ဆောင်းထားတဲ့တစ်ယောက်ကိုမေးငေါ့ပြကာ
"သူကဘယ်သူလဲ"
သတိုးကကြောင်တောင်တောင်ပြန်ကြည့်ပြီး
"အစ်ကိုတစ်ကယ်မမှတ်မိဘူးလား"
"ကိုယ်တို့အရင်ကတွေ့ဖူးလို့လား"