!Unicode!
အဆောင်ရှေ့ကားရပ်ပေးရင်း
"ဟဲ့... ဒီ Sunday ဆေးရုံသွားရင်ငါလိုက်ခဲ့မယ်"
"အိုခေ....အိမ်ကိုကောင်းကောင်းပြန်နော် ခြေရှည်ပြီး ဘယ်မှဝင်မေနဲ့ကြားလား"
"ဟုတ်ကဲ့ဗျ"
"ဘုန်း"
ဆရကလုပ်ပြီး ကားတံခါးဆောင့်ပိတ်ကာ ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီးပြုံးရင်း အိမ်ပြန်လမ်းဆီသို့........
×××××××××××××××××××××××××××××××××××
" ဟဲ့.... ငါအချဥ်ပေါင်းစားချင်တယ်"
"နင့်ပါးစပ်ကလည်း စားလဲစားနိုင်တယ်လက်ထဲကအာလူးကြော်တွေတောင်မကုန်သေးဘူး"
"တစ်ခါတစ်လေ ရှေ့နားမှာ အချဥ်ပေါင်းသည်လေးတွေ့တယ် ဖြည်းဖြည်းမောင်း ငါရပ်ဆိုတာနဲ့ရပ်"
ဘေးဘီကြည့်ရင်း အမိန့်တွေစွတ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူကိုမျက်စောင်းလှည့်ထိုးပြီး ကားကိုအရှိန်လျှော့ကာဖြည်းဖြည်းမောင်းလိုက်သည်။
"အယ်....တွေ့ပြီ....ဒီနားမှာပဲရပ်လိုက်...ဘယ်လိုလဲ....ငါပြောတာမှန်တယ်မလား ဒီနားမှတွေ့နေကျပါဆို.... ဟဲ့ဟဲ့....အချဥ်ပေါင်းသည်ကောင်လေးက အဆင်လေးနော်"
"နင်က ဒါပဲ အဲ့ကောင်ကိုငမ်းချင်လို့ ရုတ်တရက်အချဥ်ပေါင်းစားချင်သွားတာမလား"
"မဟုတ်ဘူးပြောရင်လဲ လိမ်ရာကျဦးမယ် အချဥ်ပေါင်းလဲစားချင်တယ် အဆင်လဲငမ်းချင်တယ် ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်ပစ်သလိုမျိုးပေါ့ အဟိ"
"အဟင်း.... ဟုတ်မှလဲလုပ်နော် တော်ကြာ အိမ်ကဒေါသကုမ္မာရ သိလို့ မိုးမီးလောင်နေမယ်"
"ဟယ်...ငါငမ်းတယ်ဆိုတာ ငါ့အတွက်မဟုတ်ဘူးသက်လား ချောတိုင်းလဲငမ်းတာမဟုတ်ပါဘူးဟယ်ခုဟာက uke ရုပ်ကလေးသိလား အဟိ ဘယ်လိုနေနေချစ်စရာလေး အနားရောက်မှသေချာကြည့်ကြည့် နင်ပစ်ကြွေသွားမယ်"
"ဘာ uke လဲ ဘာတွေလာပြောနေတာလဲ ငါကကောဘာလို့ကြွေရမှာလဲ နင်ဟာလေ ငါအခြောက်တွေကြည့်မရတာသိရက်နဲ့"