HSE Shopping Mall 🛒🛍️ဒီနေ့က သုတမွေးနေ့....
HSE မှာ မွေးနေ့လက်ဆောင်လာရွေးခြင်းပင်...။
လက်ဆောင်ရွေးနေတုန်း လူကြားထဲ အဝါရောင်ထင်းထင်းလေးဝတ်ပြီး နှစ်လိုဖွယ်မျက်နှာလေးပိုင်ဆိုင်ထားတဲ့ကောင်လေးကို သတိမထားမိပဲမနေနိုင်။ ထိုကောင်လေးတွဲထားတဲ့လက်ပိုင်ရှင်ကို ပိုလို့ပင်သတိထားမိသေး။
"ဝေယံမောက်" နှိုင်းနဲ့ရှော့ခ်ဖြစ်တဲ့တစ်ယောက်။ သူကဘယ်လို သတိုးဘေးရောက်သွားတာလဲ...။ အရင်ကဆို နှိုင်းမှနှိုင်းဖြစ်ခဲ့တဲ့သူ။ သူအစွဲလန်းကြီးတာကမှ တကယ်လွန်တာ... ။ လက်ဆောင်ပစ္စည်းတွေတစ်ခုပြီးတစ်ခုပေး...။ ပြီးရင် အ့လက်ဆောင်တွေထဲ အသံဖမ်းစက်တို့ camera အသေးစားပုံစံမျိုးတွေထည့်ထားလို့ ပြဿနာတက်ရပေါင်းလဲများ... ။ နှိုင်းရိုက်လိုက်လို့ မိန်းမတွေစိတ်ကုန်သွားပြီထင်...။ ဒါပေမယ့် သတိုးနဲ့ကတော့မဟုတ်သေးဘူး...။ နှိုင်းကိုအသိပေးမှ...။
အိတ်ကပ်ထဲကဖုန်းလေးထုတ်ပြီး မသိမသာဓာတ်ပုံလေးငါးပုံလောက်ရိုက်...။ ဖုန်းလေးအိတ်ကပ်ထဲပြန်ထည့်ပြီး...
"ကို... ရွေးလို့ပြီးပြီလား ပြန်ချင်ပြီ"
"အင်းပါကွာ... ကိုကဗိုက်ဆာနေပြီ တစ်ခုခုတော့ဝင်စားရအောင်နော်..."
"အိုခေလေ..."
ပုခုံးပေါ်မေးထောက်ပြီးပြောနေတဲ့ငပျင်းလေး။ လမ်းလျှောက်ရမှာပျင်းလို့ လူကိုမှီပြီးလိုက်သတဲ့...။
************************************
အထုပ်လေးချပြီး နားမယ်ပြင်ရုံရှိသေး ဖုန်းထဲဝင်လာတဲ့ message ကိုကြည့်ပြီး ဒေါသကထောင်းခနဲ.... ။ ချက်ချင်းဖုန်းကောက်ဆက်ရပြန်သည်။
"ဟဲ့... ဘယ်လိုဖြစ်တာလဲ"
"ငါမေးချင်တာလဲ အဲ့တာ"
"နွားကသူ့နေရာသူမနေဘူး ငါတားမှဖြစ်မယ်"
"နင်သိအောင်ပဲပြတာ အရမ်းကြီးလဲဝင်မပါနဲ့ ဟိုကောင်လဲအရင်လိုဟုတ်ချင်မှဟုတ်တော့မှာပါ"
"ဗီဇကလွယ်လွယ်နဲ့ပျောက်ရိုးထုံးစံရှိလို့လားဟဲ့ ဝင်မပါလို့မဖြစ်ဘူး"