အရင်နေ့ကဂယက်ကြောင့် Facebook မှာ ဇိမ်းအင်ပါယာကို tag တွဲပြီး relationship တင်လိုက်တယ်။ မန့်မပိတ်ထားတော့ ဝင်မန့်တဲ့သူတွေကလဲအမျိုးမျိုး ကိုယ့်ပိုစ့်အောက်ကမန့်တွေဖတ်ရင်းအူတွေတက်။ အများဆုံးမျှော်လင့်ထားတာက ဇိမ်းဧကရာဇ်နဲ့။ ဖြစ်လာတာက ဇိမ်းအင်ပါယာနဲ့။
လူသိရှင်ကြားကြေညာပြီးပြီဆိုတော့ မင်္ဂလာပွဲကနောက်လထဲ။ မြန်လွန်းပေမယ့် နောက်လဲလက်ထပ်ရမှာပဲဆိုတဲ့အတွေးနဲ့ဖြေသိမ့်နေလိုက်တယ်။ အပျော်ရွှင်ဆုံးက အန်တီသက်နဲ့ဇိမ်းအင်ပါယာပဲဖြစ်မှာပေါ့။
ကိုကြီးကလဲ စင်္ကာပူပြန်သွားတော့ အိမ်မှာတစ်ယောက်တည်းမနေချင်တာနဲ့အဆောင်ကိုပြန်ခဲ့တယ်။ မရောက်တာလဲကြာသလို ပစ္စည်းတွေသိမ်းရင်းပေါ့။ ချီးတဲ့မှပဲ ကျောင်းကတစ်နှစ်နားရသေး။ ဒီတစ်သက်ငါဘွဲ့ရဦးမှာလား။ ဘွဲ့ရမရတော့မသိဘူး လင်တော့ရတော့မယ်...။
အခန်းထဲဝင််ပြီး ပစ္စည်းတွေသိမ်းနေတုန်း တစ်ဆောင်လုံးဆူညံဆူညံနဲ့။ ပြတင်းပေါက်ကနေအသာလေးငုံ့ကြည့်ပြီး ကိုယ့်ပစ္စည်းကိုယ်ပြန်သိမ်းနေလိုက်တယ်။ HSE ရဲ့ပိုင်ရှင်မှန်းသိတော့ နာမည်တွေကြီးလို့။ Likeတွေ followers တွေကလဲထောင်တက်လာလိုက်တာလန့်စရာ။ ဒီကြားထဲ ဘယ်သွားသွားဟိုလူကကြည့် ဒီလူကကြည့် ဟိုလူကဓာတ်ပုံရိုက်သွားလိုက်ဒီလူကဓါတ်ပုံရိုက်သွားလိုက်နဲ့ Cele ကြီးကိုဖြစ်လို့။ ဟား.... ကြာလိုက်တာ။ သိပ်နေဖြစ်တာလဲမဟုတ်ဘဲနဲ့ ပစ္စည်းတွေကအိမ်တစ်လုံးစာလောက်ရှိတယ်။ ငါသယ်လာတဲ့ ပစ္စည်းတွေအဲ့လောက်တောင်များလား။
ဖုန်းလေးထုတ်ပြီး နံပါတ်တူးလေးကိုနှိပ်လိုက်တယ်
"ကိုကိုရေ... ကူပါဦး"
"ဘာလို့လဲသဲရဲ့"
"အဆောင်မှာ ပစ္စည်းလာသိမ်းတာ မသိမ်းနိုင်တော့ဘူး လာသိမ်းကူဦးလေ"
ပင်ပန်းနေတဲ့အသံလေးနဲ့ပြောတော့ ကိုကိုကချက်ချင်းလာခဲ့မယ်တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။
ရေဆာလို့ အပြင်ထွက်လာပြီးကားထဲကရေဗူးယူသောက်နေတုန်း
"နှိုင်း.... နှိုင်းလို့ခေါ်မယ်နော် ရင်းရင်းနှီးနှီးပေါ့"