ဒင်နာကလူငယ်တွေပွဲမို့ လွပ်လွပ်လပ်လပ်ပျော်ပျော်ပါးပါး။ မနက်ကတည်းကပင်ပန်းနေတာကြောင့် ဝိုင်လေးနည်းနည်းသောက်ရုံနဲ့တင်လူကမူးနေပြီ။ ဟိန်းသူအတင်းလာတိုက်တဲ့ဘီယာတွေတစ်ခွက်ပြီးတစ်ခွက်သောက်ရင်းလူကလစ်နေပြီ။
ကိုကိုကသူ့သူငယ်ချင်းတွေနဲ့တစ်ခြားဝိုင်းမှာ။ ဒါနဲ့ဇိမ်းကဘယ်ပျောက်သွားတာလဲ။ ယိုင်တိုင်တိုင်နဲ့ ဟိုတယ်ထဲပြန်ဝင်ပြီး ဇိမ်းအခန်းဘက်ခြေဦးလှည့်လိုက်တယ်။ အခန်းရှေ့ရောက်တော့ ဟနေတဲ့တံခါးကမြင်ကွင်းကြောင့် အမူးတွေပါပြေပြီး မျက်လုံးတွေပါပြူးလို့။
"What the Fuck"
အမလေး....။ ကြက်သည်းတွေပါထတယ်။ နံရံမှာသတိုးကိုဖိကပ်ထားပြီး ဇွတ်တွေနမ်းနေတဲ့ ဇိမ်းပါပဲ။ ဟိုကရုန်းလေ သူကဇွတ်တိုးနမ်းလေ။ ဟဲ့... လောကကြီးဘယ်လိုတွေဖြစ်သွားတာလဲ။ ကျေနပ်လိုက်တာဟယ်။
ရှေ့ကိုငမ်းနေတုန်း နောက်ကအသံတွေကြားတာကြောင့် အခန်းတံခါးကိုသာသာလေးပြန်ပိတ်ပေးပြီး နောက်ပြန်လှည့်လာလိုက်တယ်။ အခန်းထောင့်ကဘွားခနဲထွက်လာတဲ့သူကြောင့်ပိုပြီးမျက်လုံးပြူးရပြန်တယ်။
"သဲ... ဘယ်တွေလျှောက်သွားနေတာလဲ"
"ဟို... ဟို.... ဇိမ်းဆီလာတာ ကိုကိုကကော"
နောက်ကအခန်းဘက်လက်ညှိုးညွှန်ပြပြီး ပြန်မေးလိုက်တယ်။
"ကိုလဲဧကရာဇ်ဆီလာတာအဲ့ကောင်ဘယ်လောက်ထိမူးနေလဲ အခြေနေကြည့်ဖို့"
"အာ... ဒါဆိုသွားကြည့်မနေတော့နဲ့ သူအိပ်နေပြီ သဲလဲပင်ပန်းနေပြီ သွားအိပ်ရအောင်"
ရုံးပတီသီးဆီသုတ်ထားတဲ့အသံနဲ့ပြောပြီး ရင်ခွင်ထဲပစ်ဝင်လိုက်တယ်။ ဘာဖြစ်ဖြစ် ခုချိန် ဧကရာဇ်အခန်းဘက်ကိုမသွားဖို့ကအဓိက။
နှုတ်ခမ်းကိုလာထိတဲ့ နွေးထွေးတဲ့အထိအတွေ့။ နည်းနည်းတော့ကြောက်ပေမယ့်လက်ထပ်ပြီးသားမို့ မလွှဲသာတဲ့အဖြစ်။ ဇိမ်းရေ... နင်ဇိမ်နဲ့နှပ်ဖို့ ငါ့ဘဝကြီးပေးဆပ်ရတော့မယ်ထင်တယ်...။ ကယ်တင်ကြပါဦးဟဲ့။