အရေးပေါ်အစည်းဝေးရှိလို့အမြန်သွားပြီးဒုန်းပြန်လာရသည်။ ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲကအဖြစ်ပျက်ကြောင့်ဝင်ဖြန်ဖြေရင်း
"ဟာ... ဘာတွေဖြစ်နေကြတာလဲ"
နှိုင်းကဝင်ပြီး
"ဘာမှမဖြစ်ဘူး ကိုကြီးက ဒီဦးလေးကြီးနဲ့ဘယ်လိုသိတာလဲ"
"ဟင်.... ဒါဆိုမင်းက အဟုန့်ညီမလေးဆိုတာလား"
မျက်လုံးပြူးမျက်ဆံပြူးနဲ့တအံ့တသြ။ ဘယ်နှယ့် လမ်းဘေးကကလေးလို့ထင်ပြီး ကျွေးမွေးထားရတဲ့သူက ပိုးမွေးသလိုမွေးပြီးသဲသဲလှုပ်ခံထားရတဲ့ ရွှေဘုံစံမင်းသမီးတဲ့လား။ မယုံနိုင်စရာပဲ။
"မင်း... မင်း... အချဥ်ပေါင်းတွေ ကော်ဖီဆိုင်ကအလုပ်တွေကကော"
"ဟီး... အဲ့တာအပျော်လုပ်တာ"
"ဘာ"
မျက်လုံးကြီးပြူးပြီး အသံကျယ်ကြီးနဲ့ထအော်လိုက်သူက အင်ပါယာရယ်ပါ။ အော်သော်လဲ စောက်ဖက်လုပ်ခြင်းမခံရ။
"ဘာတွေပြောနေကြတာလဲ နှိုင်း ညီမလေး ကိုကြီးမသိအောင်ဘာတွေလုပ်ထားလဲ"
"အာ.... ဘာမှမလုပ်ပါဘူး အဲ့ဦးလေးကြီးပြောသွားတာအကုန်ပဲ"
"အသဲလေးရယ်.... ကိုကြီးကချစ်လွန်းလို့အလိုလိုက်ထားတာလေ ဘာတွေလျှောက်လုပ်နေတာလဲ နောက်ဆိုအဲ့လိုမျိုးတွေမလုပ်ရဘူးနော် ကြားလား"
"ဟုတ်"
ဆူပုတ်ပုတ်နဲ့ပြန်ဖြေပြီး ကိုကို့ဆီကလဲအကောခံရဦးမည်ဆိုသည့်အတွေးဖြင့်။ အင်...။ ဘာလဲ... ဘာစကားမှမပြောဘဲ ရုပ်တည်ကြီးနဲ့ ထိုင်နေပြန်ပြီ။ စိတ်ဆိုးနေတာလား စိတ်ကောက်နေတာလားပဲနော်။
"ဦးလေးကြီး.... လာ"
"အယ်.... ဘယ်လဲ"
လူကြားထဲကနေဇွတ်တွေဆွဲခေါ်လာတဲ့နှိုင်းနောက် ကောက်ကောက်ပါအောင်လိုက်ရပြန်သည်။ ဘာလဲ ဒီနေ့ကပြဿဒါးလား။ အစကတည်းကမလာသင့်တာ။ ဘယ်နှယ့် ရောက်ရောက်ချင်းလဲအထိုးခံရသေး ခုလဲထပ်ပြီးစောင့်ဆွဲပြီးခေါ်ရာနောက်ကိုအပြေးတစ်ပိုင်းလိုက်ရပြန်သည်။ အေး.... ဒီနေ့မှငါမသေရင် သေမှာမဟုတ်တော့ဘူး။