!Unicode!
"သားကြီး... သတိရပြီလား"
"မား.... နှိုင်း..."
"နှိုင်းကအခြေနေပြန်ကောင်းသွားပါပြီသားရဲ့ သူနိုးလာမယ့်ချိန်စောင့်ဖို့ပဲလိုတော့တာ"
ထိုမှ သက်မချကာ.....
တော်ပါသေးရဲ့.... ။ ဒါဆို မုန်တိုင်းမရှိတော့ဘူးဆိုတဲ့သဘော။"အင်ပါယာ... မင်းဘယ်လိုတွေဖြစ်😆"
"အင်ပါယာ... အင်ပါယာ.... ဂျူနီယာတွေရှေ့တင်ခွေခေါက်ပြီးမေ့လဲသွားတာများ🤣"
"မပြောကြပါနဲ့ကွ မိန်းမကိုချစ်တာကိုး"
"ငါ့အမေဆုံးတုန်းကတော့ စောက်ခွက်လာပြောင်ထားပြီးတော့"
အဖွဲ့လိုက်ကြီး ရောက်ချလာပြီး နှိပ်ကွပ်နေတဲ့ ဌာနတူ နှစ်တူကဆရာဝန်တွေ။
"ဒါနောက်စရာမဟုတ် မင်းတို့ဂျူတီပြီးရင်လဲ အိမ်ပြန်ကြတော့"
"ရတယ်.... ဒီနေ့တော့အိမ်ပြန်မလာဘူးလို့ ဖုန်းဆက်ထားတယ် တော်ကြာ... မင်းထပ်ပြီးမေ့လဲနေရင် ရင်ကျိုးရတဲ့သူကငါဖြစ်မှာ"
"သေလိုက်ပါလား.... ခွေးသား"
ဒီကောင်တွေ မစာမနာလူကိုဟာသလာလုပ်နေ။ ကိုယ်တိုင်ကြုံမှ ဘယ်လိုခံစားရလဲ သိမယ့်ဟာတွေ။
"မား... ကျွန်တော် နှိုင်းဆီသွားတော့မယ်"
"နေပါဦးဟ... မင်းနဲ့ရှင်းဦးမယ်"
"ဘာလဲ... "
"အရင်ကတော့ ညီမလေးဆို ခုတော့ဇနီးလောင်းတဲ့လား မင်းတော်တော်"
"မင်းတို့တွေက တကယ်အာရုံပဲကွာ... နောက်နေ့မှတွေ့မယ် မင်းတို့ကို.....ခုတော့သွားလိုက်ဦးမယ်"
လူစေ့လက်ညှိုးနဲ့ထိုးပြီး ကြိမ်းဝါးနေတဲ့သူငယ်ချင်းလဲဖြစ် ဌာနတူလဲဖြစ်တဲ့အင်ပါယာကို ကောင်းစစ်ဟိန်းက
"စတာပါကွာ... မင်းပုံစံကရယ်စရာကြီးမို့... ခွီး"
ပြောရင်းအဖွဲ့လိုက်ရယ်နေပြန်သည်။ ဒီကောင်တွေ...။
"ငါတို့နားလည်ပါတယ်... နှလုံးmessage လဲလုပ်ပြီးရော မင်းကခွေခေါက်လို့ အကုန်လုံးစိုးရိမ်ပြီး ပြာယာခတ်နေတဲ့အချိန် မေ့သွားတာများ"