"ကလေးရေ....ကလေးလေးရေ...ပူတူတူးလေး...အသဲလေးရေ....တံခါးဖွင့်ပါဦးကွာ....သဲလေး ကိုကိုဝင်လာပြီနော်"
ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပဲ ဘာအကြောင်းမှမရှိပဲ မင်းသမီးကစိတ်ကောက်တော်မူနေသတဲ့။ အဟုန်က သွားချော့ဆိုတဲ့မျက်နှာပေးနဲ့။ စိတ်ကောက်ပြီဆိုတာနဲ့ ချော့ဖို့မလွယ်တာသိသိရက်နဲ့ ဘယ်လိုသွားစထားမှန်းလဲမသိ။ အရင်ဆုံးမျက်နှာချိုလေးသွေးပြီး....
"သဲရေ... ဘာဖြစ်နေတာလဲကွာ ကိုကို့ကိုပြော သဲကိုဘယ်သူကဘာပြောလဲ ကိုကိုသွားငေါက်ပေးမယ်"
"ထွက်သွား တစ်ယောက်တည်းနေချင်တယ်"
ပုခုံးလေးဖက်ထားတဲ့လက်ကိုဖယ်ချပြီး မျက်နှာကိုတစ်ဖက်လွှဲလိုက်တယ်။ စိတ်ကဘာကိုအလိုမကျဖြစ်သွားမှန်းမသိ။ ဝမ်းနည်းလာသလိုနဲ့ မျက်ရည်တွေက တန်းပြီးရစ်ဝိုင်းလာရော။
ကိုကြီးမိန်းမယူမှာကိုတကယ်ကြောက်နေတာလား။ အချစ်ဆိုတာအတင်းလုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ ကိုယ်ကဖူဂျိုရှီဖြစ်နေပေမယ့် ယောက်ျားတိုင်းကိုလင်လိုက်ပေးစားလို့မရဘူးဆိုတာလဲအသိ။
စိတ်ထဲကသိကအောက်နဲ့နေလို့လဲမကောင်း။ နွမ်းနယ်သွားတဲ့စိတ်ကအဖျားကိုလက်ယက်ခေါ်လိုက်သလိုပဲ ချူချာလွန်းတဲ့ကျွန်မဖျားသွားခဲ့တယ်။
အားမရှိတော့သလိုဖျော့တော့သွားပြီး အိပ်ယာပေါ်မှိန်းနေလိုက်တယ်။ ခဏဆိုအဆင်ပြေသွားမှာပါ။ ဒီအသည်းကွဲတဲ့ခံစားချက်လိုမျိုးကြီးက ယီးလိုပဲ။
"သဲ... ဟင်... ဖျားနေပြီ"
စိုးရိမ်တကြီးကိုယ်ပူလာစမ်းပြီး အပြင်ထွက်သွားပြန်သည်။
"အဟုတ်.... သဲ ဖျားနေတယ်"
"ဟင်"
ဖျားတာနာတာကရိုးနေပြီဖြစ်ပေမယ့် အရင်လိုပြန်ဖြစ်မှာကိုတော့ သေလောက်အောင်ကြောက်သည်။ နည်းနည်းလေးတောင်စိတ်ထိခိုက်မခံတဲ့ကလေးလေးကအရင်အတိုင်းပါပဲလား။
အခန်းထဲပြေးဝင်လိုက်ပြီး....
"ဘယ်လိုလုပ်မလဲ ဆေးရုံခေါ်သွားရမလား"