#Unicode#2 Years ago...
"တောက်"
မနက်စောစောစီးစီး ဧည့်ခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
"မင်းကွာ....ဒီလောက်နဲ့ဘာသုံးစားရမှာပြော"
အင်ပါယာတစ်ယောက်ညီဖြစ်သူရဲ့ ဆယ်တန်းအောင်စားရင်းကို ကြားသိရပြီး ဒေါသထွက်နေလေရဲ့
"ဘရားသားရာ....စောစောစီးစီးငေါက်ငမ်းနေရအောင် ကျွန်တော်ကျတာလဲမဟုတ် ဂုဏ်ထူးတောင်သုံးလုံးပါသေးတာကိုဗျာ"
"ဪ....မင်းကအဲ့သုံးလုံးလောက်နဲ့ကျေနပ်နေတယ်ပေါ့ဟုတ်လား"
"မကျေနပ်လို့မှမရတာ ဇာတ်လမ်းကဒီမှာဆုံးနေပြီကို"
"မင်း....ခွပ်...."
အရှိန်ပြင်းပြင်းနဲ့ဆွဲထိုးလိုက်တဲ့အရှိန်ကြောင့် လူကနောက်ပြန်ဖင်ထိုင်ရက်လဲကျမှ မေမေကထလာပြီး
"ကဲ....စိတ်လျှော့ပါတော့သားကြီးရယ်....သားငယ် အပေါ်တက်တော့"
"ဟုတ်"
"မေမေကလည်းဗျာ သုံးစားမရတဲ့ကောင်ကိုကာကွယ်မနေနဲ့ ဒီကောင်ကအလိုလိုက်မှန်းသိလို့ရောင့်တက်နေတာ"
မျက်မှောင်ကြီးကျုတ်ပြီး အလိုမကျစွာပြောဆိုနေတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်သက်သက်တစ်ယောက်ပြုံးမိသည်
သားကြီးက သူ့လိုပဲ သားငယ်ကိုဆေးကျောင်းတက်စေချင် ဟိုတစ်ယောက်ကလဲ ကိုယ်တိုင်တောင်ဆေးထိုးမခံရဲ....ဆယ်တန်းတုန်းကလဲ ဆယ်တန်းမလို့ ဟော ခုအောင်စားရင်းထွက်လာပြန်တော့လဲ တကျက်ကျက် နေ့ရှိသ၍ ညီကိုနှစ်ယောက်မျက်နှာချင်းဆိုင်လိုက်တိုင်း ထထကိုက်နေတာ ပုံမှန်လိုဖြစ်နေတော့ ရိုးနေပြီ.....
"ဪ....မေမေ နေ့လည်အပြင်မသွားနဲ့ဦးနော် ကျွန်တော်အမေနဲ့တစ်စုံတစ်ယောက်ကိုတွေ့ပေးချင်လို့"
"အိုခေ မေမေသဘောပေါက်ပြီ"
အဟင်း....ခုတော့သူမဟုတ်သလိုပဲပြုံးဖီးလို့
အခန်းထဲမဝင်ပဲလှေကားရင်းမှာထိုင်နေတော့ဧကရာဇ် အကုန်ကြားလိုက်သည်