!Unicode!
ဆရာဝန်ကြီးရုံးခန်းကိုသွားပြီးတံခါးခေါက်ကာ
"ဝင်ခဲ့"
တံခါးလေးအသာဆွဲဖွင့်ကာ
"ဆရာ"
"ဪ.... အင်ပါယာ လာထိုင်လေ မင်းကိုခုပဲဖုန်းခေါ်တော့မလို့"
ရှေ့ကခုံမှာဝင်ထိုင်လိုက်ရင်း
"ဆရာ နှိုင်းအခြေနေ"
ဘာမှဆက်မပြောပဲတိတ်ဆိတ်သွားပြန်သည်။ ခဏမျှငြိမ်သက်နေပြီး ပါမောက္ခကြီးဘက်မှစ၍
"တုမနှိုင်းအခြေနေက မင်းလဲသိတဲ့အတိုင်းပဲ အင်ပါယာ ငါတို့အချိန်ဆွဲလို့မရတော့ဘူး"
"ဆရာပြောတယ်လေ တစ်နှစ်ဆို တစ်နှစ်လောက်မခွဲပဲနေလဲရလောက်သေးတယ်ဆို"
"ခုအခြေနေကမတူတော့ဘူးလေ နှစ်ရက်အတွင်းအလှူရှင်မတွေ့ရင် ငါတို့စွန့်လွှတ်ရလိမ့်မယ်"
"နှစ်ရက်.... ဘယ်လိုလုပ်နှစ်ရက်အတွင်းလဲ "
"မင်းလဲသိပ်စိုးရိမ်မနေနဲ့ ငါတခြားဆေးရုံတွေကို ဆက်သွယ်ထားတယ်"
"ဒါပေမယ့် နှစ်ရက်တည်းနဲ့မှမဖြစ်နိုင်တာ ကျွန်တော်တို့တစ်ချိန်လုံး အလှူရှင်ရှာနေတာပဲ မတွေ့ခဲ့ဘူးမဟုတ်လား"
"မာန်အဟုန်ကိုပြောလိုက် သူ့အင်အားနဲ့ဆိုဖြစ်နိုင်မှာပါ"
"ဒါကနှိုင်းသိရင်"
"တွေဝေရမယ့်အချိန်မဟုတ်တော့ဘူး အင်ပါယာ တုမနှိုင်းကိုကယ်မှာလား အရှုံးဆုံးခံမှာလား"
ပါမောက္ခရုံခန်းထဲကအင်အားချည့်နဲ့စွာထွက်လာပြီး
"အစ်ကို.... ဘယ်လိုလဲ ဆရာဝန်ကြီးကဘာတဲ့လဲ"
စိုးရိမ်ကြီးစွာမေးနေတဲ့ ဧကရာဇ်ကိုကြည့်ကာ
"ငါတို့နှစ်ရက်အတွင်းအလှူရှင်မရှာနိုင်ရင်လက်လွှတ်ရတော့မယ်"
"မဖြစ်နိုင်တာ ခုအတောအတွင်း နှိုင်းအခြေနေကသိပ်ကောင်းခဲ့တာကို ဘာလို့ရုတ်တရက်ကြီးလဲ"
"heart attack ဖြစ်သွားတာ ရုတ်တရက်ကြီး ကံကောင်းတာက ငါရှိနေတဲ့အချိန်ဖြစ်သွားလို့ မဟုတ်ရင် သူ့တစ်ယောက်တည်း"