about story

5.6K 143 10
                                    

ဒီficလေးက အပိုင်းသိပ်မရှည်တဲ့ ficလေးပါဖြစ်သလို ပထမဆုံး complete ဖြစ်အောင်ရေးမယ့်  ficလေးပေါ့။
ဒါပေမဲ့သူ့ကို short stories  collection ထဲမထည့်ထားပါဘူး။ဘာလို့လဲဆိုတော့သူကဖြစ်ရပ်မှန်ပါနေလို့ပါ ကိုယ်
ဝန်ခံရရင် ဒီ fic ကအကုန်လုံးဖြစ်ရပ်မှန်ကြီးပဲတော့မဟုတ်ပါဘူး။ကိုယ့်ဘာသာကိုယ်ဇာတ်လမ်းဆင်လိုတိုးပိုလျော့လုပ်ထားတာပေါ့နော်။ဒါပေမဲ့ကျောရိုးယူထားတဲ့ pointကတော့ဖြစ်ရပ်မှန်လေးပေါ့။ကိုယ်ဒီဖြစ်ရပ်မှန်လေးအကြောင်းကို
နားထောင်ရတုန်းကတော်တော့်ကိုရင်ထဲမကောင်းတာပါ။

ဒါပေမဲ့အဲ့အကြောင်းကိုကာယကံရှင်ကဖွင့်ပြောတာလည်းမဟုတ်သလို ကာယကံရှင်ကဘယ်သူလဲဆိုတာ ကိုယ်မသိပါဘူး။ကာယကံရှင်ရဲ့မွေးစားအမေကပြန်ပြောတာပါ။ ကိုယ့်ဖေဖေ့ဘက်ကအမျိုးတွေရှိတဲ့ရွာကို လိုက်သွားတော့ ဖေဖေ့အမျိုးအဒေါ်ကြီးတစ်ယောက်ကပြောပြတာပါ။အမျိုးဆိုတာလည်းသူတို့ပြောလို့သာသိတာကိုယ် သိတောင်မသိဘူး။ရွာတွေဆိုတာသိတဲ့အတိုင်း အမျိုးသာစပ်ရင်တစ်ရွာလုံးကအမျိုးတွေချည်းဆိုတော့လည်း😅

ကဲ...အဲ့ဒါနဲ့ပဲ ဖေဖေတို့ကစကားစပ်လို့ပြောရင်းနဲ့ အဲ့အဒေါ်ကြီးက သူ့မွေးစားသားလည်းဖြစ် တူလည်းဖြစ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုပြောတာပေါ့နော်။အ‌ဒေါ်ကြီး ကတော့ရွာကလည်းဖြစ်ပြန် အယူသီးမှုတွေကလည်းရှိတော့ တော်တော့်ကိုတူးတူးခါးခါးပြောနေပြန်တော့ကိုယ့်မှာနားထောင်ရင်း အဲ့ကောင်လေးအတွက် တော်တော်စိတ်မကောင်းဖြစ်ရတယ်။
ကိုယ်နဲ့မရင်းနှီးတဲ့နေရာ မရင်းနှီးတဲ့သူတွေကြားဖေဖေတို့မျက်နှာလည်းရှိသေးတော့
Silenceဆိုတဲ့အတိုင်း အသံလေးတိတ်ပြီးနေခဲ့ရတယ်။

ပြောတဲ့ဇာတ်လမ်းက ပြည့်ပြည့်စုံစုံမဟုတ်ပေမဲ့ အသံတိတ်အတွက်ကတော့လုံးဝကို
Heartထိသွားတယ်ပေါ့။LGBTတွေကို လူတွေရှုတ်ချတာမျိုးတွေကရှိတယ်ဆိုတာသိပေမဲ့လက်တွေ့မကြုံဖူးဘူး။ သားက Gay လို့၊ယောကျာ်းလေးကိုကြိုက်လို့၊ဆန့်ကျင်ဘက်လိင်လိုပြုမူမိလို့ မိဘတွေကပြောဆိုတာ၊စိတ်ဆိုးဒေါသထွက်တာ၊ကိုယ့်ဘက်မရပ်တည်ပေးဘူး ဆိုတာ Fic ထဲမှာဝမ်းနည်းစရာလို့ဖတ်ခဲ့ပေမဲ့ ကိုယ်လည်းတကယ်ကြုံရော သူတို့တွေအတွက် တကယ်ခံစားရပါတယ်။သူတို့မိဘဆွေမျိုးမောင်နှမတွေကိုယ်တိုင်ကိုက အပြစ်တင်ပြောဆို
နှိမ့်ချနေတော့ သူတို့ဘယ်လိုများခံစားနေရမလဲ ဘယ်လိုများတောင့်ခံကြလဲဆိုတာ ကိုယ်ချင်းစာပြီး ဒီficကိုရေးဖြစ်တာပါ။

ဆောင်းတို့သည်လည်း မအေးတော့ပြီWhere stories live. Discover now