အပိုင်း(၁၇)

289 26 14
                                    

"မေဇင်ကလည်း ကြာလိုက်တာဟယ်
ငါတို့ကုန်မှလာမှာလားမသိဘူး"

ရွှေရည်က အငွေ့လှိုင်လှိုင်ရနံ့မွှေးမွှေးနှင့်ပွက်ပွက်ဆူနေသော ဟော့ပေါ့အိုးထဲမှ အသားဖတ်ကိုဆယ်ရင်းပြောသည်။
ရွှေရည်မျက်နှာက အစားအသောက်စားနေရသော်လည်းခပ်ဆူပုတ်ပုတ်။အကြောင်းကားဤသို့တည်း။မိမိအရှေ့တွင်ထိုင်ကာ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေသော သွယ်သွယ်
နှင့်စည်သူအချစ်ငှက်နှစ်ကောင်ကိုကြည့်ပြီး စိတ်အချဥ်ပေါက်လာသည်။သို့နှင့် သူများအတွဲ၏ကြည်နူးမှုတွေကို တစ်ယောက်တည်းအာရုံအနောက်မခံနိုင်သည်နှင့်မလာနိုင်သေးသော မေဇင့်ကိုသာမဲနေမိသည်။

"ငါ့ကိုစာပို့ထားတယ်...နည်းနည်းတော့နောက်ကျမယ်တဲ့ ညနေပိုင်း၉တန်းကလေးတွေရှိလို့တဲ့"

သွယ်သွယ်ကတော့ရိုးရိုးသားသားမေးသည်အထင်နှင့်စည်သူအအေးခံပေးထားသော ပုဇွန်လေးများကို အချဥ်နှင့်တို့စားနေသည်။

*ငါနော်ပိတ်တီးချင်လိုက်တာ*
ရွှေရည်မှာ မချိတင့်ကဲနှင့်အရှေ့တွင် ချစ်ကြည်နူးတစ်တီတူးနေသည့် ကဲသဲလွန်းသောစည်သူကို မြင်ပြင်းကတ်လာသည်။ခွံကျွေးရတာနဲ့အေးအောင်မှုတ်ပေးရတာနဲ့ ပါးစပ်မှာပေတာတစ်ရှူးနဲ့တို့ကာတို့ကာသုတ်ပေးရတာနဲ့ အပိုစာဒါးများသိပ်လုပ်လွန်းသည့်စည်သူကို မျက်စိစပါးမွေးစူးလာသည်။

"ဘာလဲနင်တို့ကခြေတွေလက်တွေပျက်နေတာလားဟမ်...ကိုယ့်ဟာကိုယ် တူလေးယူ၊ဟင်းရည်ခပ်၊အသားလေးညှပ်ပြီး ပါးစပ်ထဲထည့်ဖို့တောင်မလုပ်တတ်ကြတော့ဘူးလား"

သွယ်သွယ်နှင့်စည်သူမှာ ရုတ်တရက်ရွှေရည်ပြောသည်ကိုနားမလည်ဘဲ ခဏကြာမှသဘောပေါက်ကာပြုံးစိစိဖြစ်သွားသည်။

"အဲ့ဒါတော့နင့်လို ရည်းစားဂရုစိုက်တာမခံရတဲ့သူကဘယ်လိုနားလည်မှာလဲ...ငါ့ဘာသာငါစားလို့လည်းရသားဘဲ ဒါပေမဲ့ကိုယ့်ချစ်သူ့ကိုသေးသေးလေးကအစဂရုတစိုက်လုပ်ပေးစေချင်တာ နင့်လို faကဘယ်နားလည်ပါ့မလဲ"

စည်သူ့မှာပြီတီတီရုပ်ကြီးလုပ်ပြကာ သွယ်သွယ်အနားပိုတိုးကပ်သွားသည်။သွယ်သွယ်ကတော့ အိန္ဒြေရရရယ်ပြီး စည်သူ့ကိုပြန်တွန်းသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီحيث تعيش القصص. اكتشف الآن