အပိုင်း(၇)

307 40 4
                                    

"တကယ်လားကြီးကြီး...ဘယ်အချိန်တဲ့လဲ"

"သဘက်ခါတဲ့...ဒီမှာညစာစားချိန်အမီလာမယ်ဆိုတော့ ည‌ေနသုံးနာရီလောက်ဖြစ်မှာပေါ့"

ကြီးကြီးစကားအပြီး ထခုန်မိမတက်ပျော်ရွှင်သွားသော်လည်း ပျော်သည့်စိတ်ကိုအလျှင်အမြန်ထိန်းချုပ်လိုက်ရသည်။
ရွာမှကြီးမေသည် ဆောင်းဦးတို့သီတင်းကျွတ်ကျောင်းပိတ်ရက်အချိန်နှင့်ကိုက်ကာ ရန်ကုန်တွင်နှစ်ညအိပ်သုံးရက်လာလည်မည်ဟု ကြီးကြီးကိုဖုန်းဆက်ကာ
သတင်းစကားပေးပို့သည်။
ထိုသို့လာလည်ရာတွင် လိုက်ဖို့အဖော်မရှိ
ကောင်းဆက်ကိုအဖော်ခေါ်ကာလာခဲ့မည်ဟု
ဆိုသောကြောင့် ဆောင်းဦးမှာပျော်သည်ထပ်ပိုသောပျော်နည်းနှင့်ပျော်ရပါသည်။

သဘက်ခါ...သဘက်ခါ
သဘက်ခါ အမြန်ရောက်ချင်စမ်းပါဘိ။

အခန်းထဲအမြန်ဝင်ကာ စားပွဲပေါ်မှစာအုပ်များကိုဖြန့်ကြည့်လိုက်သည်။ပိတ်ရက်ရှည်ဖြစ်၍ကျောင်းအိမ်စာများမရှိသော်လည်း
မမလုပ်ခိုင်းသည့်အိမ်စာများနှင့် ကြိုကျက်ရမည့်စာများကို တတ်နိုင်သလောက်အမြန်ဖြတ်ထားရမည်။
စာမလုပ်ဘဲလည်းနေလို့မရ။မမလက်သံကပြောင်လှသည်လေ...

-------

တက္ကစီပေါ်မှဆင်းဆင်းချင်း ကြီးမေကိုရေချိုးခန်းသို့အမြန်တွဲကာပို့ရသည်။
ခရီးရှည် ကားမစီးဖြစ်တာကြာသဖြင့် ကားမူးကာရောက်မဆိုက်ထိုးအန်တော့သည်။

"အမလေး...နင်တို့ရန်ကုန်ကလည်းရောက်ဖို့ခက်ခဲလိုက်တာတော်"

ကြီးမေကညည်းညည်းညူညူနှင့်ပြောရင်း
ဧည့်ခန်းထဲကပက်လက်ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်လိုက်သည်။ချွေးစေးများကိုတစ်ရှူးနှင့်တို့သုတ်နေသည့်ပုံက အလွန်နွမ်းနယ်နေသည့်ဟန်...

"အဲ့ဒါဒေါ်လေးက အမြဲမှလာမလည်တာ"

မမကကြီးမေမလာခင်ထဲကတည်း မူးလာရင်သောက်ဖို့ဖျော်ထားသည့် မန်ကျည်းဖျော်ရည်ခွက်လေးကိုကိုင်လာရင်းပြောသည်။

"သား...ဟိုကောင်လေးကိုအထုတ်တွေသွားသယ်ပေးလိုက်ဦး၊ဟိုလေးကောင်နဲ့တိုးနေလားမသိဘူး....အခုထိဝင်မလာသေးဘူး"

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora