အပိုင်း(၂၀)

304 21 3
                                    

"ငါဝင်မယ့်ဘက်မှားသွားပြီ"

သုတကဆောင်းဦးအဆောင်ရှိရာပြန်ပို့ရင်း နှစ်လမ်းကျော်လောက်တွင် မှားဝင်မိမလိုဖြစ်ပြီးပြောလိုက်သည်။

"ရတယ်...ငါဒီကပဲဆင်းလိုက်တော့မယ်၊သီးစုံပဲဟင်းဝင်ဝယ်စရာရှိသေးတယ်"

"ဟိုဆိုင်လား"

သုတကကားနှင့်မနီးမဝေးတွင် တာလပတ်အမိုးလေးထုတ်ပြီး မှန်ဘောင်လေးနှင့်သပ်သပ်ရပ်ရပ်ဟင်းဆိုင်လေးကို လက်ညှိုးထိုးမေးသည်။ဆိုင်လေးကရောင်းကောင်းပုံရသည်။စောင့်နေသည့်သူများလည်းရှိသည်။

"အေး...အဲ့ဆိုင်ကငါဝယ်စားနေကျ၊တော်တော်စားလို့အဆင်ပြေတယ်...ပဲကုလားဟင်းကတော့ဒီနားမှာနာမည်ကြီးပဲ"

"ဝက်ဆီဖက်ရှိလား"

ဝက်သားဆိုဝက်တစ်ကိုယ်လုံး အကြားအလတ်မရှိအောင်ကြိုက်သောသုတက
သတိတရမေးသေးသည်။

"မရှိဘူး...ဟင်းပဲရှိတာ၊ငါသွားပြီကားဂရုစိုက်မောင်း"

"အင်းအင်း"

ကားလမ်းဘေးချရပ်ထားသော်ငြားအခြေအနေအရကြာကြာရပ်ထားလို့မရသဖြင့်သုတကိုခပ်သွက်သွက်နှုတ်ဆက်ပြီးဆင်းခဲ့သည်။

ပဲဟင်းပါဆယ်အတွက် ရှေ့လူများကိုခြေတညောင်းစောင့်ပြီးမှသာရတော့သည်။အဆောင်နေသူတို့၏ထုံးစံအတိုင်းတော်ရုံတန်ရုံချက်စားမနေတော့ပါ။အလုပ်သွားအလုပ်ပြန်နှင့်မို့ ဝယ်စားဖြစ်သည်ကသာများပြီး နားရက်ရှိမှသာအရည်သောက်တစ်ခုခုလောက်သာချက်တတ်သည်။ရွာပြန်တိုင်းကြီးမေထည့်ပေးသော အခြောက်အခြမ်းအရံဟင်းတို့ကလည်း အများသားကလား။မီးဖိုချောင်သည်လည်း မမိုးဖြစ်စေ အယ်စတာဖြစ်စေဝင်ချက်မှသာ စျေးဖိုးလေးပိုစိုက်ပြီးကပ်စားကြလိုက်သည်သာ။ရွှေလိုရွှေ၊ငွေလိုငွေ ပြည့်စုံမနေပေမယ့်
အနေအစားတော့သိပ်မဆိုးလှဘဲ ချောင်လှပါသည်။ဆောင်းဦးသည်လည်း လောလောဆယ်ကာလတွင်တော့ ဤအခြေအနေလေးကိုသိပ်တော့မဆိုးလှဟုထင်မိသည်။သို့သော်ဤမဆိုးလှသောအခြေအနေနဲ့တင်ရောင့်ရဲနေ၍လည်း မဖြစ်ပြီ။ဆက်လက်တွန်းအားပေးကာကျားကန်ကြိုးစားရမည့် အခြေအနေတွေမှာလည်းကမ်းလင့်ကြိုနေဆဲပါ။

ဆောင်းတို့သည်လည်း မအေးတော့ပြီWhere stories live. Discover now