"ဟယ်လို မမ"
"အေး..သား ပြော"
"ကျူရှင်ချိန်ပြီးပြီလား"
"အေးအခုဘဲပြီးတယ်"
"အဲ့ဒါဆို အတော်ဘဲ...သပြေကုန်းဘက်ထွက်ခဲ့ပါလား"
"ဟမ်...သပြေကုန်း ဘာလဲဘာကျွေးမလို့လဲ"
"မမမြေအိုးမြီးရှည်ကြိုက်တယ်မလား...ဝယ်ကျွေးမလို့ ထွက်ခဲ့နော် သားစောင့်နေမယ်"
"အေးပါ အေးပါ အမလေးစားရချည်သေး"
မမ၏ရွှင်ပြကျီဆယ်ဟန်အပြည့်နှင့် အသံကြောင့် ဆောင်းဦးပြုံးမိသည်။
ဆောင်းဦးလည်း ယခုကိုယ်ပိုင်ဖုန်းလေးတစ်လုံးရှိလာတော့ အတော်တော့အဆင်ပြေလာသည်။သူများတွေကိုလို မော်ဒယ်အသစ်တွေမကိုင်နိုင်သော်လည်း တစ်ပတ်ရစ်ဖုန်းလေးကို ငွေနည်းနည်းနှင့်ဝယ်ကာသုံးနေရခြင်းကပင်အဆင်ပြေလှပါသည်။
ဆောင်းဦး ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်နှင့် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်ကရောက်လာသည်။
ညနေ၄နာရီလောက်ရှိပြီဖြစ်သော်လည်း ဆိုင်လေးထဲတွင် လူသိပ်မကျသေး။
လမ်းဘေးအိမ်ဆိုင်လေးဖြစ်သော်လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနှင့် အရသာကောင်းမွန်သောကြောင့် လူကြိုက်များသည်။
"ဘာမှာမလဲအကို"
"မြေအိုးမြှီးရှည်တစ်ပွဲ စပ်မယ်၊ရခိုင်သေင်္ဘာသီးထောင်းတစ်ပွဲ အစပ်လျော့မယ်နော်၊ပြီးတော့ကွေ့သယိုအသုတ်တစ်ပွဲ"
"ဟုတ်အကို"
ကလေးမလေးကလှစ်ခနဲပင် အနားမှခွာကာ ဆိုင်ရှင်ကိုပြောရင်း ဘေးမှတောက်တိုမယ်ရကူလုပ်ပေးနေသည်။
ဒီနေ့ဆောင်းဦးနည်းနည်းတော့စိတ်လှုပ်ရှားနေပြီး မမနှင့်တိုင်ပင်စရာလည်းရှိတာကြောင့်အပြင်မှာသာချိန်းလိုက်သည်။အိမ်မှာပြောလည်းရသော်ငြား မလွတ်လပ်သလိုခံစားရသည်ကတမုံ့။
"အကို ကွေ့သယိုရပြီ"
ကလေးမလေးက ကွေ့သယိုပန်းကန်ကို စားပွဲရှေ့ချပေးကာ ထွက်သွားပြန်သည်။ခေါက်ဆွဲမျှင်၊မုန်ညှင်းကန်စွန်းရွက်များနှင့် ငရုတ်သီးဖတ်များရောနှောနေသည့် ကွေ့သယိုပန်းကန်ကိုကြည့်ရင်းမှ နောင်တရချင်သလိုပင်ဖြစ်သွားသည်။စိတ်ကိုမနည်းပြန်လည်တည်ဆောက်ထားကာမှ မြင်မြင်သမျှ သူ့ကိုဘဲသတိရရမိနေတာက ခံစားရသည်။
ESTÁS LEYENDO
ဆောင်းတို့သည်လည်း မအေးတော့ပြီ
Novela Juvenil(on going) ဆောင်းဟူသည် အေးချမ်းသောအရာဟု တင့်စားပါလျှင် ကိုယ့်ဆောင်း သည်အဘယ်ကြောင့်ပူလောင်ရပါသနည်း... ဆောငျးဟူသညျ အေးခမြျးသောအရာဟု တငျ့စားပါလြှငျ ကိုယျ့ဆောငျး သညျအဘယျကွောငျ့ပူလောငျရပါသနညျး...
