အပိုင်း(၆)

328 41 2
                                    

            မိုးအုံ့၍အုပ်မှိုင်းမှိုင်းဖြစ်နေသော တနင်္ဂနွေနေ့လည်ခင်းတစ်ခု။Physics Definitionများကိုချရေးနေရင်း မမကဘေးကစောင့်နေသည်။မမကတစ်ပတ်လျှင် တနင်္ဂနွေနေ့တစ်ရက် ကျူရှင်ပိတ်ပေး၍
ထိုနေ့တွင် အေးအေးဆေးဆေးနားနေကာ
ကိုယ်လုပ်ချင်သည့်စာကိုလုပ်လို့ရသည်။
သို့သော် ယခုတော့ပထမအစမ်းစာမေးပွဲကြီးနီးလာ၍အရင်ထက်တော့ စာကိုပိုလုပ်ဖြစ်သည်။
မမက ကျောင်းသားများကိုစာပဲတစ်ချိန်လုံးမလုပ်ခိုင်း၊ စာလုပ်ချိန်စာကိုသေချာဖိကာ
အားလပ်ချိန်လည်းပေးတတ်သည်။

"အင်း...စာလုံးပေါင်းလေးတွေတော့ နည်းနည်းမှားနေသေးတယ်၊ကျူရှင်မှာရေးရင်တော့ မှန်အောင်ရေးနော်"

အမှတ်စစ်ပြီးသော အကြမ်းရေးစာအုပ်လေးကိုပြန်ပေးရင်း

"သားလည်းနားချင်နားလိုက်ဦး၊တရေးတမောအိပ်ချင်အိပ် ...ညနေကျရင်အောင်သုတရှိန်လာရင် bioတော့ကျက်ရဦးမယ်နော်၊တော်ကြာတရေးတမောအိပ်ရင်း တစ်သက်တစ်ကျွန်းဖြစ်သွားဦးမယ်"

မမပြောတော့ဆောင်းဦး အသံထွက်အောင်ရယ်မိသည်။မမကတစ်ခါတစ်လေ ဒဲ့တိုးအိုးပေါက်ပြောတတ်သလို ဟာသဥာဏ်လည်းရွှင်သည်။

" ကျက်မှာပါမမကလည်း၊ တစ်သက်တစ်ကျွန်း တော့မအိပ်ပါရစေနဲ့"

"အေးအေး...နားနား၊ငါလည်းခွေးစာကျို
လိုက်ဦးမယ်"

မမသည် ခွေးကြောင်ချစ်တတ်သူဖြစ်သည့်အားလျော်စွာ အိမ်တွင်ဘဘအချစ်တော်ကြောင်ဝါလေးနှင့်ပုကွဟုခေါ်သော အရပ်ပုပုအမွေးပွပွ ဝဝတုတ်တုတ် မျက်နှာခွက်ခွက်ကြောင်မကြီးအပြင်   ဒေးဗစ်၊ဂျွန်၊ဖြူမ၊ညိုလုံးစသည့် ခွေးလေးကောင်လည်းရှိသည်။သို့သော်ခွေးစာကျိုလျှင်တော့ ခွေးလေးကောင်စာသာမက လမ်းထဲရှိသမျှခွေးများအတွက်ပါ စတုဒိသာလုပ်တတ်သည်မှာလည်း မမအကျင့်...

စားပွဲမှထရင်း ဆောင်းဦးလက်ထဲမှစာအုပ်တစ်အုပ်ကိုအကြည့်အရောက် ဆောင်းဦးကမန်းကတန်းပင် အုပ်လိုက်သော်လည်း...

"ဝတ်ရည်? ဘယ်သူတုန်းဝတ်ရည်က"

"ဟမ် သြော်...ဟို အတန်းထဲကောင်မလေးတစ်ယောက်ပါ၊ဟိုနေ့ကစာအုပ်အသစ်လိုနေတာနဲ့ အဲ့ကောင်မလေးစာအုပ်ကိုယူလိုက်တာ
...သူ့နာမည်မဖျက်ရသေးလို့"

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora