အပိုင်း(၁)

2.1K 72 15
                                    

              ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းသုံးခွဘက်မှာရှိတဲ့ ရွာလေးတစ်ရွာ။မြို့ကြီးပြကြီးနဲ့နီးတော့ အခြားရွာတွေလို အရမ်းလည်းချောင်မကျပေမဲ့ အရမ်းတိုးတက်ဖွံ့ဖြိုးတာလည်းမရှိတဲ့ရွာလေးတစ်ရွာပေါ့။ကျွန်တော်နေတဲ့ရွာလေးက အချို့သောရွာတွေလိုတောင်ကုန်းတောင်တန်းတွေ မရှိပေမဲ့ နေပျော်တဲ့မြေပြန့်ရွာလေးတစ်ရွာပေါ့လေ။ဆန်စပါးကို စိုက်သော်လည်းဘဲ အဓိကမစိုက်ဘဲ ပဲမျိုးစုံကိုအားထားစိုက်ရတာ ကျွန်တော့်ရွာရဲ့ အဓိကစီးပွားရေးပဲ။ရွာသူရွာသားတွေကလည်း ရင်းနှီးဖော်ရွေတယ်။ရိုးသားပွင့်လင်းတယ်၊အရမ်းနှစ်လိုဖွယ်ကောင်းတယ်ပေါ့။ရွာဆိုတော့လည်းသိတဲ့အတိုင်း မြို့ပြတွေလိုအိမ်ခြေလည်းမသိပ်သည်းတော့ တစ်ရွာလုံးတစ်ယောက်နဲ့တစ်ယောက်မသိတာကခပ်ရှားရှားရယ်။ကျွန်တော့်ရွာလေးကိုကျွန်တော်သိပ်ချစ်တယ်။အကြောင်းကိစ္စရှိလို့ ရန်ကုန်တက်ရင်တောင် ရွာကိုပဲမြန်မြန်ပြန်ချင်တာ။ရန်ကုန်မှာနေရတာစိတ်မသက်သာသလိုခံစားရတယ်။မြို့နေလူတန်းစားတွေက မျက်နှာဖုံးပေါင်းစုံတပ်နေကြသလိုဘဲ။စိမ်းကားတယ်၊ဟိတ်ကြီးဟန်ကြီးနိုင်လွန်းတယ်။ကျွန်တော့်ရွာလေးက တော့အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်ပြန်ချင်တိုင်း လက်ကမ်းကြိုဆိုနေတာဘဲ။ကျွန်တော်ချစ်သလို ကျွန်တော့ရွာလေးကလည်းကျွန်တော့်ကိုချစ်မယ်လို့ထင်ပါတယ်။အကယ်၍များ ဟိုး..အဝေးကြီးကိုသွားရမယ်ဆိုရင်တောင် နောက်ဆုံးတော့ ကျွန်တော်ဌာနေ ဟောဒီ ရွာလေးဆီကိုပဲပြန်လာမှာ....

-——————————

"ဖိုးထောင်ရေ...သားရေကြီးမေ ရေချိုးမလို့
ရေစင်(‌ရေငင်) ပေးစမ်းပါ"

"ဟုတ်...ကြီးမေ"

ပဲကောက်ပြီးပြန်လာသောကြီးမေက ဖုံအလိမ်းလိမ်းချွေးသံတရွဲရွဲနှင့် ဝိုင်းထဲမဝင်ခင်ကပင် ဆောင်းဦး ကိုအော်ပြောလေသည်။
ကြီးမေလာရင် အဆင်သင့်စားနိုင်ရန် တည်ထားသောထမင်းအိုးကိုမွှေရင်း အသံပြန်ပြုလိုက်သည်။သို့သော်စိတ်ထဲသိပ်မရွှင်လှ။
ကြီးမေအတွက်လုပ်ပေးရလို့ သူမငြိုငြင်ပါ။
ငြိုလည်းမငြိုငြင်ရဲ။ကြီးမေကသူ့အတွက် ကျေးဇူးရှင်လည်းဖြစ် အမေလည်းဖြစ်သည်မို့။မီးတွင်းမှာတည်းကဆုံးသွားသောအမေအတွက် ကြီးမေကသာသူ့အတွက် မာတာမိခင်နေရာဖြည့်စည်းပေးခဲ့သည်မို့။ဆောင်းဦးနှစ်နှစ်သားလောက်တွင် မောင်ဖြစ်သူ
ဆောင်းဦးအဖေကအိမ်ထောင်သစ်ထူထောင်ပြီး ဆောင်းဦးကိုအစ်မထံတွင်အပ်တော့လည်းမငြူစူ။ထို့ကြောင့် ကြီးမေကိုလည်းချစ်ရပါသည်။သို့သော်ကြီးမေ ရေစင်ခိုင်းလျှင် ဆောင်းဦးငိုချင်လှတယ်။
          
          ရေစင်ရသော မောင်းတံကြီးသည်အလွန်ကျပ်လှသောကြောင့် တစ်ခါတစ်ခါဖိချဖို့အရေး ရှိသမျှအားကုန်စိုက်ထုတ်ရသည်မှာမလွယ်လှ။ရေတစ်ခါစင်လျှင် လူကနုံးချည့်သွားသည်။သုံးသည့်အားနှင့်ထွက်
သည့်ရေကမမျှ။တစ်ခါကဆိုလျှင် အားနှင့်မနည်းဖိချရင်းမှ မောင်းတံကလက်ထဲမှလွတ်ကာ မေးစေ့ကိုပြန်ရိုက်မိသောကြောင့် မေးကွဲသွားဖူးသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora