အပိုင်း(၂၁)

275 29 7
                                    

"တောင်တွေကာရံထားတဲ့အလယ်မှာ အင်းလေးရေပြင်ပြာ...လှေငယ်လေးတစ်စင်းတရွေ့ရွေ့လွန့်လူးလာ...."

အဆိုတော်ကိုင်ဇာ၏ အင်းလေးမှာရွာတဲ့မိုးကို ထက်ထက်ကသံနေသံထားနှင့်မတိုးမကျယ်ဆိုပြီး အဝတ်လဲနေသည်။အဆိုတော်တစ်ယောက်အသံမဟုတ်သော်လည်း သူ့ဟာသူတော့နားဝင်မဆိုးလှပါ။

"မမ ထက်ကိုနောက်ကတပ်ပေးစမ်းပါ"

စားပွဲပုလေးတွင် စာလုပ်နေသော ဆောင်းဦးဘေးမှာ ထက်ထက်ကကျောပေးထိုင်ချလိုက်သည်။လက်လှမ်းမီသလောက်တပ်ထားသော ဘော်လီချိတ်နှစ်ခုမှ လွဲ၍ကျန်တဲ့ချိတ်များကဟစိစိ။

"အကြပ်ကိုတပ်နော်"

အကြပ်ဆုံးချိတ်လိုင်းကို အားလုံးတပ်ပေးအပြီး ထက်ထက်ကနေရာမှန်မှန် ဘော်လီကိုဆွဲချသည်။ခန္ဓာကိုယ်နေရာကကွက်တိဖြစ်နေသော်လည်း ရင်နေရာကတော့အုံနှင့်အသားက ပဲခူးနှင့်သန်လျင်လိုခြားနားလျက်။ထက်ထက်ကထိုရင်နေရာမှာ ထည့်နေကျပိတ်စအချို့ကိုထည့်၍ဖြည့်လိုက်သည်။ဆောင်းဦးအတွက်ကတော့ ထိုမြင်ကွင်းကမထူးဆန်းတော့ပါ။အဆောင်ကလူတော်တော်များများက ထိုသို့ပြုလုပ်ကြသည်ချည်းသာ။ဆောင်းဦးတစ်ယောက်က အောက်ကဘာမှမခုမခံပဲ စွပ်ကျယ်အပါးသာခံဝတ်လေ့ရှိသည်။
ဘော်လီနေရာချထားပြီး အပေါ်ကရှပ်အင်္ကျီလေးဝတ်လိုက်တော့လည်း ထက်ထက်ကသူ့နေရာနှင့်တော့ ကြည့်ကောင်းသွားတာပါဘဲ။
ယောကျာ်းတစ်ယောက်မှန်းသိသာစေတဲ့အရိုးအဆစ်ကြောင့်သာ မားမား မားမားဖြစ်နေပေမဲ့ အပြုအမူနှင့်ဖြည့်လိုက်တော့ ကြည့်ရမဆိုးပါ။ဆောင်းဦးတို့ကတော့ ကိုယ့်အမျိုးမို့ကိုယ့်ငချဥ်ကိုယ်ချဥ်သလားမသိပေမဲ့ အချို့သူများကတော့ ယောကျာ်းကြီးကနွဲ့နေတာရွံစရာကောင်းသတဲ့။ကိုယ်တွေအနားကပ်ရင်ပဲ အန္တရာယ်ကောင်လို၊ကြောက်စရာသတ္တဝါကိုသတ်မှတ်ကြသတဲ့။လူတွေလည်းတယ်ခက်ပါ့။
ဆောင်းဦး ထက်ထက်ကိုကြည့်ရင်း ယခင်ညများက စဥ်းစားထားသည့်အရာအားပြောဖို့ဆုံးဖြတ်လိုက်သည်။

"ထက်ထက်"

"ရှင်"

"ထက် come out လုပ်တုန်းက အိမ်ကဘယ်လိုနေလဲဟင်"

ဆောင်းတို့သည်လည်း မအေးတော့ပြီDove le storie prendono vita. Scoprilo ora