အပိုင်း(၂၂)

202 17 6
                                    

အပြာရောင်အုတ်တံတိုင်းနှင့် အနက်ရောင်စိုစိုခြံဝင်းတံခါးက မကြာသေးခင်ကမှ သုတ်ထားသည့်ပုံနှင့် သစ်လွင်နေသည်။အိမ်ရှေ့ကွန်ကရစ်ကတော့ အမှိုက်တစမရှိပဲပြောင်ရှင်းနေသည်။ရင်းနှီးပြီးသား မရောက်ဖြစ်တာကြာပြီဖြစ်သည့် ခြံဝင်းထဲသို့ကလန့်ဖွင့်ကာဝင်တော့ သစ်ခွပင်အမျိုးအစားအသွယ်သွယ်က သူရှိနေစဥ်ကထက်ပင်များနေသေးသည်။
ခြံတံခါးပြန်ပိတ်၍ အိမ်ဝသို့ရောက်စဥ်မှပင် အိမ်တွင်းထဲမှ ဘုရားပန်းအိုးများကိုင်ပြီးထွက်လာသော ကြီးကြီးက

"ဟယ်...ရောက်ပလား။စောလိုက်တာ"

"ဟုတ်ကြီးကြီး...နေ့ခင်းသင်တန်းရှိလို့"

"ထမင်းတော့စားသွားမှာမလား"

"ဟာ...စားရမှာပေါ့"

"အမလေး...ဘာအခုမှစားရမှာပေါ့တွေဘာတွေလုပ်နေသေးတယ်...အခုမှဘဲပေါ်လာတော့တယ်နော်၊နင်လည်းတော်တော်စိမ်းစိမ်းကားကားနေစိမ့်တာဘဲ"

"မဟုတ်ရပါဘူး ကြီးကြီးရယ်"

ဘဘရှိသည့်အရိပ်အယောင်တော့မမြင်ရပါ။ပိတ်ရက်ဖြစ်သော်လည်း အပြင်သွားပုံရသည်။လိုင်းပေါ်မှာသာတွေ့ရပြီးအပြင်မှာမတွေ့ဖြစ်တာကြာသောမမနှင့်လည်းတွေ့ပြီး ဆောင်းဦးလကုန်ရွာပြန်လျှင် ကြီးကြီးကရွာမှမှာထားသောငရုတ်သီးခွဲကြမ်းဖိုးများပေးလိုက်ရန်လည်းခေါ်ထားသေးသည်။

ကြီးကြီးက သူ့အာရုံနှင့်သူဘုရားပန်းကပ်ရင်းမို့ ဆောင်းဦးကိုသေချာမကြည့်ဖြစ်သေးပါ။
ဘုရားဦးချကန်တော့ပြီး လှည့်ကြည့်တော့မှ
ပြောင်းလဲသွားသော ဆံပင်ရှည်ရှည်နှင့်ဆောင်းဦးကို ကြည့်ပြီးအံ့သြဘနန်း။

"ဟဲ့ကောင်လေး...ဆံပင်တွေရှည်လှချည်လား"

ကြီးကြီးက ဆံပင်ရှည်များကိုမကြိုက်သည့်ဟန်နှင့်ကြည့်တော့ ဆောင်းဦးလည်းရယ်ကျဲကျဲနှင့်...

"ဆံပင်ညှပ်ဖို့မအားသေးလို့ပါကြီးကြီးရယ်"

"မအားစရာလားဟယ်၊ဆံပင်လေးညှပ်ဖို့များ"

ကြီးကြီးကဆောင်းဦးကို မယုံသင်္ကာဟန်နှင့် တစ်ကိုယ်လုံးကို စုံဆန်ကြည့်ပြီး ခေါင်းခါသည်။အကြောင်းသိနေသည့်ဆောင်းဦးအနေနှင့်လည်း တမင်ပင်ဆံပင်ရှည်များကို သံဘီးကုတ်နှင့်လှန်တင်ထားရင်း ရင်ကော့ခေါင်းမော့ထားမိသည်။ကြီးကြီးကထိုမျှနှင့်မသွားသေးဘဲ အနားကပ်ကာအနံ့ခံသလိုနှင့် နှာခေါင်းကရှုံ့ပွပွလုပ်နေသေးသည်။

ဆောင်းတို့သည်လည်း မအေးတော့ပြီDonde viven las historias. Descúbrelo ahora